Pete က အမှန်အတိုင်း ပြောချင်ပေမယ့် တကယ်လို့သာ Noraက အမှန်အတိုင်းသိသွားရင် သူနဲ့သူ့ညီမကို အဝေးကိုခေါ်သွားပြီး သူတို့အဖေကို ဒီမှာတစ်ယောက်တည်းထားခဲ့မှာ သေချာလေသည်။
                               သူသည် ထိုအာဏာရှင်ကို အမြဲမုန်းနေသော်လည်း Justin သည် အရည်အချင်းပြည့်မီသောဖခင်တစ်ဦး ဖြစ်နေဆဲဖြစ်သည်။
                               ငယ်ငယ်က အလုပ်တွေပဲ ဖိလုပ်နေခဲ့ပေမဲ့ သူ့ကိုတော့  အစည်းအဝေးတွေ အားလုံးကို အာဏာရှင်ကြီးက ဘယ်လိုခေါ်သွားခဲ့တယ်ဆိုတာ မှတ်မိနေသေးသည်..။
                               မေမေက သဘောတူညီချက်ကို လက်မှတ်ရေးထိုးတော့မှာကိုလဲ မြင်လိုက်ရတော့ စက္ကန့်ပိုင်းလေးအတွင်းမှာ Pete က သူ့ဘေးနားက နို့ဖန်ခွက်ကို ရုတ်တရက် ကောက်ကိုင်လိုက်ပြီး စာရွက်တွေပေါ်မှာ မှောက်ချပလိုက်သည်။
                              Noraသည် စာရွက်များပေါ်တွင် နို့များ စိုရွှဲသွားချိန်တွင် စကားလုံးတစ်လုံးသာ ရေးရသေးသည်။  မှင်သည်လဲ ချက်ချင်းပြန့်သွားပြီး သဘောတူညီချက်စာချုပ်သည်လဲ  ပျက်စီးသွားခဲ့သည်။
                               Henry က ဒေါသတကြီး ကျိန်ဆဲတော့သည်။  "မင်းဘာလုပ်တာလဲ ခွေးမလေး!!"
                               Pete က ဖန်ခွက်ကို ကိုင်ပြီး အပြစ်ကင်းတဲ့ အကြည့်လေူများနဲ့ ပြောလိုက်သည်။  "sry လက်ချော်သွားလို့..."
                               သူ့အဖြေကိုကြားတော့ Angela က ဒေါသတကြီး ရှေ့ကို တိုးလာပြီး သူမလက်ကို ချက်ချင်း မြှောက်လိုက်ပြီး ပါးစပ်ကနေလဲ ဒေါသတကြီးပြောတော့သည်။ 
                                "မကောင်းဆိုးဝါးမလေး၊ နင် အဲဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာ။  ငါ နင့်ကိုသတ်ပစ်မယ်!"
                               Noraသည် ခါးကို ကိုင်းလိုက်ကာ ကလေးကို ပွေ့ချီပြီး အကာအကွယ် အပြည့်ပေးထားသည်။  သူမရဲ့ ရက်စက်သော အကြည့်များဖြင့် မေးလိုက်သည်။   “နင်လုပ်ရဲလား!”
                               Lisa က Angela ကို ထိန်းသအနေဖြင့် လက်တစ်ဖက်ကနေ ဆွဲလိုက်သည်။  
                              "ဟုတ်တယ်  Angela..."
                               Irene လည်း စိုးရိမ်တကြီးဖြင့် လက်မောင်းကို ဆန့်ထုတ်ကာ လက်ညှိုးတထိုးထိုးဖြင့် ပြောတော့သည်။ 
                                      
                                  
                                              YOU ARE READING
စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )
Romanceသူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး နောက်မှာတော့ သူမရဲ့ လှပလာတဲ့ ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ... Crd original author & Eng trans author 🙏🙏 This story isn't mine , just t...
