အိပ်ယာထဲမှာ အနိုင်ယူခြင်း

4.6K 476 5
                                    

သတိပြန်ဝင်လာသော Quinn သည် နောက်သို့ အပြေး လှည့်ပြေးတော့သည်။  ကံမကောင်းစွာပဲ၊ Nora က ရှေ့ကို လှမ်းပြီး သူ့မုတ်ဆိတ်မွေးကို ဆွဲလိုက်သည်။ 

"အဘိုးကြီး ရှင် ဘာအတွက် ပြေးမလို့လဲ"

Quinn က နာကျင်စွာ အော်ဟစ်လေသည်။ 

"လွှတ် ငါ နာတယ်!"

သူတို့ဘေးတွင်ရှိသော Pete သည် စကားမပြောနိုင်ပဲ သူ့အမေကိုသာ ကြည့်နေသည်။

မေမေသည် အလွန်နူးညံ့သိမ်မွေ့သူတစ်ယောက်ဟု သူထင်ခဲ့သည်—နောက်တော့ သူမသည် အမြဲအိပ်စက်တတ်သည်ပေါ့။  ဒါပေမယ့် မနေ့ညက သူတို့အိမ်ပြန်တော့ အမေက သူ့ကို ဘောင်းဘီကို ချွတ်ခိုင်းတယ်လေ။  အဲဒီတုန်းက အမေက အရမ်းဆိုးပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကြတော့ သူတို့သားအမိနှစ်ယောက် ပိုရင်းနှီးလာတယ်။

အခုလည်း မေမေရဲ့  အေး‌စက်သော တစ်ဖက်ခြမ်းရှိနေတာကိုလည်း သူတွေ့ရှိခဲ့ရတယ်။

သူမသည် သူ့အား တစ်ခုပြီးတစ်ခု အံ့အားသင့်စေသည့် ရတနာသိုက်တစ်ခုကဲ့သို့ပင်ဖြစ်နေသည်။

Nora သည် နောက်ဆုံးတွင် သူမ မလွှတ်ပေးခင် Quinn ၏ မုတ်ဆိတ်မွေးမှ နှစ်ချောင်းကို နှုတ်ယူလိုက်သည်။

သူမ တကယ်ကို ရက်စက်လွန်းပါသည်။

ကလေးတွေက သူ့နာကျင်မှုကို နားမလည်ပေမယ့် သူ့ဆရာအနေနဲ့ Quinn က နားလည်ပါသည်။  သို့သော် သူသည် ဒီကလေး၂ယောက်အကြောင်းကို သူမကိုမပြောပဲ လျှို့ဝှက်ပေးရုံတင်မက ကူပါကူညီခဲ့သေးသည်တဲ့လေ။

နာရီဝက်လောက်ကြာတော့ Justin က Cherryကို လာပို့သည်။ တူညီသောမျက်နှာနှစ်ခုကို စိုက်ကြည့်ရင်း Nora၏မျက်လုံးများသည် အနည်းငယ်နီရဲသွားကာ ကျေနပ်မှုအပြည့်ဖြင့် သူ့နှလုံးသားတွင် နူးညံ့မှုနှင့် ချစ်ခင်မှုများ ပြည့်နေခဲ့သည်။

Quinn က သူတို့၂ယောက်ကို လှည့်ပတ်ကြည့်နေတယ်။ 

"ယောက်ျားလေးနဲ့ မိန်းကလေး အမြွှာတွေ ထပ်တူကျဖို့ဆိုတာက ရှားပါတယ်။ မင်း သူတို့ကို ကြည့်လို့ ပြီးပြီလား ငါသူတို့ကို လေ့ကျင့်ခိုင်းတော့မလို့ဟ။ "

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now