အံ့အားသင့်ခြင်း

5.1K 617 7
                                        

Zawgyi

Nora တွင် မျက်နှာဖုံး၊ မျက်မှန်နှင့် ခွဲစိတ်ခန်းသုံးဦးထုပ်ပါရှိသောကြောင့် ခေါင်းမှခြေဖျားအထိ လုံးဝဖုံးအုပ်ထားသည်။  သူမပုံသဏ္ဍာန်ကို မည်သူမျှ မမြင်နိုင်ပေ။

ထို့ကြောင့် သူမ၏ နှုတ်ခမ်းထောင့်တွင် ရှိနေသော လှောင်ပြောင်သော အပြုံးကို မည်သူမျှ မတွေ့ခဲ့ကြပေ။

သူ့ညီမငယ်က ဒီလောက် အရှက်ကင်းမဲ့တဲ့သူ ဖြစ်နေမယ်လို့  တကယ်ကို သူမမျှော်လင့်ထားပေ။

အရင်ကဆိုရင် သူမကို ပိုချောပြီး ပိုကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် အခု...

Nora က ရုတ်တရက် ပြုံးပြီး "အိုး ဒါဆို မင်းက Nora Smith လား?"

သူမသည် လည်ချောင်းနာနေသကဲ့သို့ ဖြစ်နေသော သူမ၏အသံကို တမင်တကာ နှိမ့်ချပြီး ပြောလိုက်သည်။

သူမပြောပြီးသည်နှင့် ခွဲစိတ်ခန်းဆီသို့ သွားရာလမ်းတစ်လျှောက်လုံး ရုတ်တရက် တိတ်ဆိတ်သွားရသည်။  ဒေါက်တာ Larson အပါအဝင် လူတိုင်းသည် Angela ကို စိုက်ကြည့်ခဲ့ကြသည်။

Angela၏ အပြုံးသည် အေးခဲသွားပြီး သူမ၏ နဖူးပေါါတွင် ချွေးအေးများ ထွက်လာတော့သည်။

ဒီယုတ်မာသော အရူးမ ၀က်တုတ်မသည် အီးမေးလ်ကို အမှန်တကယ် ဒီလို နာမည်နဲ့ အတူ ပို့လိုက်တာလား။

ဒေါက်တာ Larson ၏အမူအရာမှာ သုန်မှုန်သွားကာ “ဒါက ဘာအဓိပ္ပာယ်လဲ Angela” ဟု မေးသည်။

Angelaက သူ့ဘာသူ စိတ်ကို တင်းခံထားရင်း လုပ်ကြံ ဇာတ်လမ်းတစ်ပုဒ်ကို စလုပ်လိုက်သည်။ 

“တောင်းပန်ပါတယ် ပရော်ဖက်ဆာ Anti၊ ဒေါက်တာ Larson။  ကျွန်မ တောင်းဆိုမှုကို ပရော်ဖက်ဆာAntiက ငြင်းပယ်မှာကို ကြောက်လို့ ကျွန်မရဲ့ အမည်ရင်းကို သုံးရမှာ  အရမ်းရှက်လို့ အစ်မရဲ့ နာမည်ကိုပဲ  အသုံးချခဲ့လိုက်တာပါ။”

ဒေါက်တာ Larson ၏ အမူအရာက ပြန်ကောင်းသွားသည်။  "ဟုတ်လား။"

သူ့အစ်မရဲ့ လုပ်ရပ်တွေအားလုံးကို ဤနေရာတွင်အလွဲသုံးစားလုပ်လိုက်သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Место, где живут истории. Откройте их для себя