အပိုင်း ( ၇၆ )- ပရော်ဖက်ရှင်နယ် တစ်ဦး
  Nora သည် ဂျစ်ကားကို မောင်းနှင်နေသော်လည်း သူမ မောင်းနှင်သည့်ပုံစံမှာ ပြိုင်ကားတစ်စီးကို မောင်းနှင်နေသကဲ့သို့ ဖြစ်နေသည်။
 ကျွီ! 
  ကားက ကျောင်းတံခါးဝမှာပဲ ရပ်သွားတယ်။  သူမ အမြန်ထွက်လာပြီး သူငယ်တန်းကျောင်းဆီသို့ လျှောက်သွားလိုက်သည်။
  ထိုနေ့ အစောပိုင်းက သူငယ်တန်းကျောင်းသို့ Cherryကို ခေါ်သွားပေးသည့် ဆရာမ မစ္စလင်းသည် ထိုနေရာတွင် စောင့်နေသည်။  သူမသည် အသက်နှစ်ဆယ်ကျော် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ထိတ်လန့်တုန်လှုပ်နေပါသည်။
  သားသမီးတွေကို ကျောင်းပို့တဲ့ ပထမဆုံးနေ့မှာပဲ တစ်ခုခုမှားသွားရင် မိဘတွေ ဘယ်လောက်တောင် စိုးရိမ်နေမလဲ။
  ထိုအတွေးဖြင့် သူမသည် Noraထံ လျှောက်သွားလိုက်ကာ “Ms.  Smith…”
  Nora က သူမ စကားကို ဖြတ်ပြီး မေးလိုက်တယ်။ "တခြား ကလေးတွေကော အဆင်ပြေရဲ့လား" 
  မစ္စလင်း၊ "?"
  စိတ်ရှုပ်နေသော ဆရာမက “… ဟုတ်ကဲ့” ဟု ပြန်ဖြေလိုက်သည်။
  Nora က ဆရာမနဲ့ လျှောက်လာရင်းနဲ့ ဆက်မေးလိုက်တယ်။ 
 “ဆရာမတွေရော အဆင်ပြေရဲ့လား” 
  "ဟုတ်ကဲ့ သူတို့အားလုံး အဆင်ပြေကြပါတယ်။"
 Noraလဲ သူ့သမီးအကြောင်း နားလည်သူပီပီ ဆရာမ စကားကြောင့် အံ့သြသွားသည်။  "အဲဒီတုန်းက Cherryက တစ်ယောက်ယောက်ကို ရိုက်လိုက်တာဟုတ်ဘူးလား။ "
  သူမသည် ကျောင်းတံခါးကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။  "လုံခြုံရေးအစောင့်?"
  မစ္စလင်း၊ "???"
  အထူးသဖြင့် ကိုယ်ခံပညာ ကျွမ်းကျင်လေ့ကျင့်မှုပင် ပြီးဆုံးပြီး ဤမျှလောက် က်ုယ်ခန္ဓာ ကြီးမားပြီး အရပ်ရှည်သော လုံခြုံရေးအစောင့်ကို Cherryက မည်သို့ အနိုင်ယူနိုင်မည်နည်း။
  မဟုတ်သေးဘူး၊ ခဏလေး၊ သူတို့က အရမ်း တော်တယ်။
  သူ အတွေးခေါင်ခိုက်နေစဉ်မှာပဲ မစ္စလင်းက စိုးရိမ်တကြီးနဲ့ "Cherryက မူးလဲသွားတာ!"
                                      
                                  
                                              ВЫ ЧИТАЕТЕ
စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )
Любовные романыသူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး နောက်မှာတော့ သူမရဲ့ လှပလာတဲ့ ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ... Crd original author & Eng trans author 🙏🙏 This story isn't mine , just t...
