Anti!!

5K 627 17
                                        

Zawgyi

 
Angela က “ငါပြောတာကို နင် နားမလည်ဘူးလား။  ဒေါက်တာAnti မှ မဟုတ်ရင် ဘယ်သူက ဒီခွဲစိတ်မှုကို တာဝန်ယူပါစေ အခြေအနေက ပြောင်းလဲသွားမှာ မဟုတ်ဘူး။”

ခွဲစိတ်မှုမပြုမီ လူနာကို ကြောက်ရွံ့စေခြင်း နှင့် ၎င်းတို့၏ ဆရာဝန်အပေါ် မယုံကြည်အောင် ပြုလုပ်ခြင်းသည်  ခွဲစိတ်ခြင်းအတွက် အကျိုးကျေးဇူး လုံးဝမရှိပေ။

Noraသည် အဒေါ်ကို အစကတည်းက နှစ်သိမ့်ရန် ကြံရွယ်လာခဲ့သည်။

မျက်နှာဖြူဖျော့ဖျော့ မျက်နှာလေးနှင့်
အန်တီIreneက “ယုံပါတယ် Nora ကို ယုံတယ်။  ဒါ့ကြောင့် ခွဲစိတ်မှုအတွက် ပြင်ဆင်လိုက်ကြရအောင်။"

Nora ပြန်မပြောမီ  Angela က “မိုက်လိုက်တာ။  အန်တီ ရှင်လည်း သေဖို့ အဲ့လောက်တောင် အလျင်လိုနေတာလား။"

Lisa က ပိုလို့တောင် စိတ်ပူသွားသည်။  “အမေ။”

Irene က ဒေါသတကြီး ပြုံးပြပြီး “နင့် အဖေက ဆရာဝန် ဘယ်နှစ်ယောက်ကိုတောင် ဒီခွဲစိတ်မှု လုပ်ဖို့ ချဉ်းကပ်ခဲ့လဲ။  ဒါ့မဲ့ ဘယ်သူကမှ တာဝန်မယူရဲတာကြောင့် မလုပ်ချင်ကြဘူး။  ဘယ်သူက ဘာပဲလုပ်လုပ် ခက်တယ်ဆိုတော့ ခွဲစိတ်ဆရာဝန်က ဘယ်သူလဲဆိုတာကို စိတ်ပူနေရဦးမလား!။"

သူမသည် စွန့်စားရပေလိမ့်မည်။ ပြီးတော့ ဒါက သူ့ဘဝရဲ့ နိဂုံးချုပ်သင့်တယ်လို့လည်း ဘုရားသခင် ထင်သလား၊

သူမက Lisa နဲ့ Will ကိုကြည့်ပြီး "ဒါကို သတိရပါ Will, Lisa.  ခွဲစိတ်မှု အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဒီခွဲစိတ်မှုက ငါရွေးချယ်ခဲ့တာ အဲဒါကြောင့် Noraနဲ့ ဘာမှမဆိုင်ဘူး”

Noraသည် သူမ၏ အကြည့်ကို လျှော့ကျသွားကာ သူမ၏ နှလုံးသားလေး နွေးထွေးသွားရသည်။

လူနာဆောင် တံခါးပွင့်လာပြီး သူနာပြုဆရာမတစ်ယောက်ဝင်လာသည်။ 

" Mrs. Black ၊ ရှင့်ကို အခုခွဲစိတ်ခန်းကို လွှဲပေးပါတော့မယ်။"

ခွဲစိတ်ခန်းအပြင်တွင်။

Irene ခွဲစိတ်ခန်းသို့ ပြောင်းရွှေ့ရန် စောင့်ပြီးနောက် Nora သည် ခွဲစိတ်မှုအကြိုပြင်ဆင်မှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။  သို့သော်လည်း သူမလှည့်ထွက်သွားဖို့လုပ်တော့ Angela ၏အသံကိုကြားလိုက်ရသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now