ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်ခြင်း

2.5K 326 5
                                    

အပိုင်း ( ၁၁၆ )-  ဒုက္ခရောက်နေတဲ့  မိန်းကလေးကို ကယ်တင်ခြင်း

Fantasia အံ့အားသင့်သွားပြီး မေးလိုက်တယ်။  “ဘာဖြစ်လို့လဲ”

မှတ်ချက်များတွင်-

'ကျွန်တော့ အသက်ရှင်နေစဉ် တစ်လျှောက်လုံးမှာ ဒေါ်လာ 1.5 သန်းတန်တဲ့ ထောက်ပံ့မှုကို အခုမှ တွေ့လိုက်ရတာပဲ။'

'ဒါသူမက ချမ်းသာတဲ့ မိသားစုကနေ ဆင်းသက်လာတာရဲ့  သက်သေပဲ မဟုတ်လား ....'

'သူဌေးကြီး ပေါ်လာပြီ။'

Fantasiaရဲ့ မျက်လုံးများ ထိတ်လန့်စွာ ပြူးကျယ်သွားရသည်။  သူမက တိုက်ရိုက်ထုတ်လွှင့်မှု အလယ်မှာ ရှိနေဆဲဟူသောအချက်ကို အာရုံစိုက်ရန်ပင် စိတ်မရှိတော့ဘဲ ဖုန်းပေါ်ရှိ sweetcherry ရဲ့  တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်း
ဝင်ကြည့်လိုက်တော့သည်။

သူမလုပ်သည်နှင့်တပြိုင်နက်၊ မှတ်ချက်များရဲ့ သတိပေးချက်များစွာသည်တရစပ်ဝင်လာကာ  လက်ဆောင်
ပေးသည့် အရာတွေကို တွေ့မြင်ခဲ့ရသည်။ ထို့အပြင် တခြား အကျိုးသက်ရောက်မှုများလဲ ပြည့်သွားခဲ့သည်။

Hunts's Villa တွင်။

.

Justinက Peteရဲ့ အခန်း တံခါးဝတွင် ရပ်နေသေးသည်။

Peteက Cherry ထံ စာတိုပေးပို့ပြီးနောက် သူ့ကို ကြည့်လိုက်သည်။

အာဏာရှင်ကြီးက တိုက်ရိုက်ထုတ်လွှင့်မှုကို ဆိုးရွားပြီး ခန့်မှန်းမရသော အကြည့်ဖြင့်  စိုက်ကြည့်နေသည်။  Peteက ထိုအခိုက်အတန့်တွင် သူဘာတွေတွေးနေသလဲဆိုတာကိုပင် မပြောနိုင်ပေ။

Peteက သူ့ရဲ့ ကြမ်းတမ်းပြီး ကြီးစိုးတတ်တဲ့ စရိုက်ကြောင့် သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာ သိပြီးတာနဲ့ သူ့ကို အတင်းအကြပ် ခေါ်မယ်လို့ ထင်ထားခဲ့ပါတယ်။

ဒါပေမဲ့ ဒီအာဏာရှင်ဖေဖေက ဒီမှာ မလှုပ်မယှက် မတ်တပ်ရပ်ပြီး ပြည်တွင်း ရုန်းကန်ရတဲ့ အမှုတစ်ခုမှာ ဖမ်းမိသွားသလို  ကြည့်နေရတာလဲ။

လိမ္မာပါးနပ်သော Peteက တိုက်ရိုက်ထုတ်လွှင့်မှုထဲ ၀င်ကြည့်လိုက်တော့ မှတ်ချက်များမှ တစ်ဆင့် သူသိလိုက်ရသည်။ မကြာခင်မှာပဲ Cherryတို့ရဲ့ အငြင်းပွားမှု ကို အစအဆုံး တွေ့မြင်သွားရတော့သည်။ 

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now