အပိုင်း ( ၁၄၂ ) - Joel Smith အသဲကွဲနေတယ်။

2.7K 331 13
                                    


Justin၏ မျက်လုံးများ  ပြူးကျယ်သွားရသည်။  သူသည် အလျင်အမြန် သူ့သမီးကို လှမ်းဆွဲလိုက်သည်။  သူမရဲ့ မှိန်းနေရာမှ  Justin ကိုမြင်သောအခါ  "ဖေဖေ၊ Cherry ဗိုက်အရမ်းနာတယ်..."

ဗိုက်နာတယ်…

Justin က သူမကို အောက်ထပ်ကို အလျင်အမြန် သယ်သွားပေမယ့် Cherry က "မေမေကို လိုချင်တယ် မေမေ..."

မေမေ…

ဆေးရုံသို့သွားရာလမ်းတွင် Justin သည် သူ့ရဲ့ ဖုန်းကိုထုတ်ကာ အဆုံးတွင် Nora ကိုဖုန်းဆက်လိုက်သည်။

ဖုန်းမကိုင်ခင် အချိန်အတော်ကြာအောင် မြည်နေသည်။ ထို့နောက် ကိုင်လိုက်တယ်ဆိုရင်ပဲ မကျေနပ်တဲ့ လေသံကို ထွက်လာသည်။

“ရှင့် မှာ အရေးကြီးတာတစ်ခု ပြောစရာရှိလို့လား”

Justin က “… Pete ဗိုက်နာလို့တဲ့။  ကျွန်တော် သူ့ကို အခု ဆေးရုံကို ပို့နေပြီ"

သူမက သူ့အပြောကို ကြားရတဲ့ အခိုက်မှာ ခေတ္တလောက် တုံ့ဆိုင်း‌သွားပေမဲ့ ချက်ချင်းပဲ အသိပြန်ဝင်ကာ ပိုမိုရှင်းလင်းသော အသံနဲ့ ပြောလိုက်သည်။

"ကျွန်မ လာခဲ့မယ် "

Hospital Finest ရှိ VIPလူနာဆောင်။

Justin သည် ကုတင်စွန်းတွင် ထိုင်ကာ လဲလျောင်းနေသော ကလေးလေးကို ကြည့်နေသည်။  IV အရည်များက သူမ၏လက်ပေါ်ရှိ အပ်မှ တစ်ဆင့် သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းနေပါသည်။  နောက်ဆုံးတော့ မနာတော့ပဲ Cherry အိပ်ပျော်သွားတယ်။

ရုတ်​တရက်​ တံခါးကို တွန်းဖွင့်​လိုက်​သည်​နှင့်​ ​လေ​အလျင်လိုမျိုး  လူတစ်​​ယောက်​ သူ့​ရှေ့ကို ​ပြေးလာသည်​။

Justinက Nora တစ်ယောက် Cherryဆီ စိုးရိမ်တကြီး အမြန်လာသည်ကို သိသည်။ထို့နောက်  သူမလက်ကိုဆွဲကာ သွေးကြောကို စစ်ဆေးနေသည်။  ထို့နောက် သူမ၏သွေးခုန်နှုန်းကို စစ်ဆေးနေသကဲ့သို့ အခြားလက်တစ်ဖက်ကိုလည်း ဆုပ်ကိုင်ထားသည်။  ထို့နောက် သူမသည် မတ်တပ်ထရပ်ကာ Cherryအတွက် သတ်မှတ်ထားသော IV အရည်ကို ကြည့်လိုက်သည်။  ဒါတွေအားလုံးကို စစ်ဆေးပြီးနောက်မှာတော့ အမျိုးသမီးလေးက သူမရဲ့မျက်နှာပေါ်မှာ အေးစက်တဲ့ အမူအရာနဲ့ ပြောလိုက်သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now