ငါ့အဖကေ Justin Hunt။

2.6K 319 1
                                    

အပိုင်း ( ၁၁၉ )- ငါ့အဖေက Justin Hunt။

Cherry?!

Ianရဲ့ မျက်လုံးများ ရုတ်တရက် အလင်းတန်းများနဲ့ တောက်ပလာတော့သည်။ ခေါင်းငုံ့ထားတဲ့ Miaလေးကို သူတည့်တည့်ကြည့်နေခဲ့သည်။ သူမလေးက ထပ်ပြီး ပြောလာတယ်။

“အဖိုးIan၊ သမီး အဖိုးဆီက ပိုက်ဆံမချေးသင့်ဘူး ဆိုတာ သမီးသိပါတယ် ဒါပေမဲ့ သမီးပိုက်ဆံတွေက မေမေ့ဆီမှာ။  ပြီးတော့ ဖေဖေ့ဆီကလဲ ပိုက်ဆံတောင်း
ခွင့်မပေးထားဘူး။ Brandonက လျှောက်ပြောတတ်လို့ သူ့ဆီက ပိုက်တေးချေးရင်လဲ မေမေ့ကို သေချာပေါက်ပြန်ပြောမှာ။ အဲဒါကြောင့် သမီး ပိုက်ဆံတောင်းလို့ရတာ အဖိုးတစ်ယောက်ပဲ ရှိတယ် ”

Mia က သူ့ကို ရှက်ရွံ့စွာ ကြည့်ကာ "ဒါပေမယ့် အဖိုးမှာ မရှိရင် အဆင်ပြေပါတယ်..."

သူမပြောပြီးတာနဲ့၊ Ian က ပြုံးပြီးပြောတယ် “အဖိုးက Miaလေးကို ပေးမှာပေါ့။"

Mia မျက်လုံးလေးများ တောက်ပလာတော့သည်။ 

"ကျေးဇူးတင်ပါတယ် အဘိုး Ian!"

ထို့နောက် Ian က "သမီးရဲ့ အတန်းဖော်အကြောင်း အဖိုးကို ပြောပြပေးနိုင်မလား?"

Miaက ခေါင်းညိတ်ပြလိုက်သည်။  သူမရဲ့မျက်နှာပေါ်မှာ ထိုကလေးမကို အတော်လေး သဘောကျတဲ့အကြည့်တို့ရှိနေသည်။

"Cheryl Smith က အံ့သြစရာကောင်းတယ်။  သူက ယောက်ျားလေးတစ်ယောက်အဖြစ် ပြောင်းနိုင်ရုံမက မိန်းကလေးအဖြစ်လဲ ပြောင်းလို့ရသေးတယ်!”

Ian "?"

“သူမက အရမ်းလည်း အကတော်တယ်။  Sinead Loweက အစတုန်းက ကျောင်းရဲ့ နှစ် ၅၀ ပြည့် အခမ်းအနားအတွက် အကကို ဦးဆောင်ပြီး ကရတဲ့ အကသမား။  သူမက နည်းနည်းအဆင်မပြေရုံမကဘဲ ကျောင်းမှာရှိတဲ့ လူတိုင်းကိုလဲ ခဏခဏ အနိုင်ကျင့်တတ်သေးတယ် ”

Ian က "သူမက သမီးကိုကော အနိုင်ကျင့် သေးလား။"

Mia က ခေါင်းခါသည်။  “သမီးက Smith ဆိုတော့ သူက သမီးကို အနိုင်မကျင့်ရဲဘူး။  သူက သမီးကို ဒုက္ခမပေးပေမယ့် သူလည်း သမီးကိုလဲ စကားမပြောဘူး။ Cherry ကျောင်းကို စရောက်တဲ့အချိန်က သူမက သူ့ကို အနိုင်ကျင့်ခဲ့ပေမဲ့ Cherryရဲ့ မေမေက တကယ့်ကို အံ့သြစရာကောင်းတယ်။ သူမအမေက   Ms. Tanya Turner ကို ခေါ်ထားနိုင်ခဲ့တယ်။  အဲဒါကြောင့်ပဲ Cherry က အခု ဦးဆောင်အကသမားဖြစ်လာတာ"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now