ငါတို့က တစ်ချိန်တုန်းက တစ်လှေထဲစီးလာခဲ့ကြတဲ့သူတွေလေ။

2.2K 339 0
                                    

အပိုင်း ( ၈၉ )- ငါတို့က တစ်ချိန်တုန်းက တစ်လှေထဲစီးလာခဲ့ကြတဲ့သူတွေလေ။

Melissa က တုံ့ဆိုင်းနေချိန်မှာ သူ့ခယ်မ Miranda က ဖုန်းကိုင်ပြီးသွားပြီ။  "ဘာတွေ ဟန်ဆောင်နေတာလဲ Melissa?  Rachel က အိမ်ပြန်ရောက်တော့  အကပါတီမှာ ဖြစ်ခဲ့တဲ့အရာအားလုံးကို ပြောပြတယ်။  Sheril က ဒီလို အသေးအမွှားကိစ္စတိုင်းအတွက် Rachel နဲ့ ဘာကြောင့် အမြဲ တိုက်ခိုက်နေရတာလဲ။"

Melissa သည် ဧည့်သည်ကို တုံ့ပြန်ရန် အချိန်မရှိသေးပေ။  သူမက စိုးရိမ်တကြီးနဲ့ “ဘာကိစ္စရှိလို့လဲ Miranda? ငါက  Tanya ရဲ့ အဆက်အသွယ် အချက်အလက်ကို တောင်းနေတာပါ”

Miranda က ပြက်ရယ်ပြုပြီး “သူမနဲ့ ဆက်သွယ်ဖို့ အချက်အလက်?  နင့်အိမ်မှာရှိနေတာကို ဘာလုပ်ဖို့ လိုအပ်နေဦးမှာလဲ။ နင် တမင်လုပ်နေတာ မဟုတ်လား။ နင်တို့က Tanyaနဲ့ ဒီလောက်ထိ သိကျွမ်းနေကြတာတောင် ငါတို့ကို လှောင်ပြောင်နေတာလား။ တော်တော်လေး ငါတို့ကို အနိုင်လိုချင်နေတာလား "

"နင့်နေရာကို နင်သိ!!အခု နင်က Woodမိသားစုက လူမဟုတ်တော့ဘူး နင်က Andersonတို့ရဲ့ မိသားစုဝင်ဖြစ်နေပြီ နင့်ဘက်မှာ Tanyaရှိတယ်ဆိုရင်တောင် Andersonနဲ့ Woodရဲ့ အဆင့်အတန်းကတော့ ဘယ်တော့မှ ပြောင်းလဲ သွာူမှာ မဟုတ်ဘူး။ အဲ့တော့ Sherilက ကိစ္စတိုင်း Rachelနဲ့ ရင်မဆိုင်တာ ပိုကောင်းလိမ့်မယ်။ ကိုယ့်နေရာကိုသိဖို့ကို သတိထားလိုက်!!”

Miranda သည် သူမအား ပြင်းပြင်းထန်ထန် အော်ဟစ်ပြီး ချက်ချင်းပင် ဖုန်းချသွားသည် ။

Melissa သည် သူမ၏ ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ သူမ၏ လက်ချောင်းထိပ်များကပင် အနည်းငယ် ဖျော့သွားစေသည်။

Miranda က "သူမ နင့်အိမ်မှာရှိတယ်" ဆိုတာ ဘာကိုဆိုလိုတာလဲ။

သူမ နားမလည် ဖြစ်နေချိန်တွင် Tanya သည် သူမဆီသို့ လျှောက်လာပြီး “မင်္ဂလာပါ အန်တီ။  ကိစ္စတစ်ခုခုကြောင့် Tanyaကို အန်တီ ရှာနေတာလား။  အန်တီရှာနေတဲ့သူက ကျွန်မများ ဖြစ်နေမလား။"

“…”

Melissaလဲ သူမအပြောကြောင့် အံသြသွားသည်။

Tanya က "ကျွန်မက Nora ရဲ့ သူငယ်ချင်းပါ။  ကျွန်မ ဒီကို ရောက်နေတုန်း အန်တီ့ရဲ့အိမ်မှာ ခေတ္တနေလို့ ရမလားရှင့်  "

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now