အပိုင်း ( ၁၃၉ ) - Hillary သူ့သေတွင်း သူတူးခြင်း။

2K 280 0
                                    


Joel သူသွားနေရာမှ ရပ်လိုက်ပြီး ဧည့်မန်နေဂျာကို ရုတ်တရက်ကြည့်လိုက်ပြီး သူက ထပ်ပြောတယ် "မင်းဘာကိုဆိုလိုချင်တာလဲ သူက ငါ့ကိုအနှောင့်အယှက်မပေးထားပါဘူး"

ဧည့်မန်နေဂျာက အရမ်းသိတတ်နားလည်လွယ်တယ်။  Joel ၏တုံ့ပြန်မှုကိုမြင်သောအခါ တစ်စုံတစ်ခုက ချက်ချင်းဆိုသလို သိလိုက်သည်။

“ဟုတ်ကဲ့ ဒါပေမဲ့  မစ္စစ်စမစ်က တံခါးဝက အမျိုးသမီးကို ဝင်ခွင့်မပြုဖို့ အခုပဲ ပြောထားလို့ပါ။ ဒါက ခင်ဗျားရဲ့ ညွှန်ကြားချက်လို့လဲ ပြောပါတယ်”

သူ ခေါင်းညိမ့်လိုက်သည်။  သူနောက်ထပ်ပြောသည့်စကားက သူသည် အကြွေးတောင်းနေပုံရသော်လည်း အမှန်မှာ သူသည် အမှန်တကယ် တိုင်တန်းနေခြင်းဖြစ်သည်။  သူတို့ Club Prism မှာ အဲဒီလို စည်းမျဉ်းမရှိဘူး၊ ဒါပေမယ့် မစ္စစ်စမစ်က ဒါက မင်းရဲ့ ညွှန်ကြားချက်တစ်ခုလို့ ပြောတယ်၊ ဒါကြောင့် ငါတို့ တောင်းဆိုတဲ့အတိုင်း လုပ်ပေးရမယ်။

သူ့ဆီက ညွှန်ကြားချက်တဲ့လား....

Joelရဲ့ ဖော်ရွေတတ်တဲ့ အမူအရာက ချက်ချင်းဆိုသလိုပဲ မှိန်ဖျော့သွားကာ ‌ပြောလိုက်တယ်။

"သူမက မစ္စစမစ် မဟုတ်သေးပါဘူး"

ဧည့်ခန်းမန်နေဂျာက ကြောက်ရွံ့ဟန်ပြပြီး “တောင်းပန်ပါတယ် မစ္စတာစမစ်။  ကျွန်တော်က သူ့ကို မစ္စ Jones အဖြစ် အမြဲပြောနေပေမယ့် သူမက အခု Smithမိသားစုအိမ်မှာ ပြောင်းနေနေပြီလို့ ပြောပြီး မစ္စစမစ် ဖြစ်သွားကြောင်း ပြောပါတယ်  …”

Joel ကတော့ စိတ်ဆိုးပုံတော့ မပေါ်ပါဘူး။  သို့သော် Tanyaကို လှည့်ကြည့်လိုက်သောအခါ သူ့မျက်လုံးများ အနည်းငယ်မှိန်ကျသွားသည်။

ဧည့်မန်နေဂျာက တစ်ခုခုပြောတော့မှာမို့ Joel က Tanya ကို လှမ်းကြည့်ပြီး စိတ်တိုတိုနဲ့ ပြောလိုက်တယ်။ 

"ဒါဆို ငါတို့ ဒီတိုင်း ထားထားလိုက်တော့"

အကြောင်းတစ်ခုခုကြောင့် သူမကို ညစာစားဖို့ ချိန်းထားတာကို သူမကို ခွင့်မပြုချင်ဘူး။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now