အပိုင်း ( ၁၄၃ ) - Mr. Hunt နဲ့ မစ္စ Smith ရဲ့ဆက်ဆံရေးကဘာလဲ။

2K 244 0
                                    


Joel သည် သူသွားနေတဲ့ ခြေလှမ်းများ ရပ်တန့်သွားကာ မျက်လုံးထဲတွင် အံ့သြရိပ်များ ပေါ်လာသည်။ 

Justin Hunt က Nora Smith နဲ့ အတူရှိနေတာလား။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုလဲ။

ရုတ်တရက် အတွင်းထဲက လူတွေက အပြင်မှာ လှုပ်ရှားမှုကို သတိထားမိပုံရပြီး Justin ရဲ့ စူးစူးရှရှ အကြည့်တွေက ပြတင်းပေါက်ကနေ ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွားတယ်။

Joel အမြန်နောက်ပြန်ဆုတ်ပြီး ဘေးဘက်ကို ပုန်းနေလိုက်တယ်။  သူ အတွင်းထဲကို မကြည့်ရဲတော့ဘူး။  သို့သော် အတွင်းမှ ပြင်းထန်သော အော်ဟစ်သံများနှင့် ဆူညံသံများကို သူကြားနေရသည်။  နံရံကို ဆောင့်တိုက်သံများ နှင့် အချင်းချင်း တိုက်မိရာမှ အော်ဟစ်သံများ ထွက်ပေါ်နေခဲ့သည်။  ရင်ဘတ်ထဲမှ တစ်စုံတစ်ခုရဲ့ အသံကို  သူကြားနေရတယ်...

ပြင်းထန်သော လှုပ်ရှားမှုအသံကြောင့် Joel ပင် နီရဲသွားသည်။

သူ့ကို တွေ့သွားမည်ကို စိုးရိမ်သောကြောင့် ‌နောက်ခြေတစ်လှမ်းဆုတ်ပြီး  တိတ်တိတ်လေး ရှောင်ထွက်သွားတယ်။  အခုက အဆင်မပြေဖြစ်နေတယ်။

ဒီလိုကလေးတွေနဲ့ မသင့်တော်တဲ့ အသံတွေကို သူကြားခဲ့ရတဲ့ နောက်ဆုံးအချိန်က သူ Tanya နဲ့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရှိနေတဲ့ အချိန်ပဲလေ။ သို့သော် Hillaryနဲ့ကတော့  အရက်မူးနေတာ
ကြောင့်ပဲ။  သူနဲ့ အတူ အိပ်ယာထဲမှာ အမြဲ အတူရှိတဲ့သူက  Tanya ဆိုတာကို ရှင်းရှင်းလင်းလင်း မှတ်မိနေပေမယ့် သူနိုးလာချိန်မှာတော့ Hillary ဖြစ်နေခဲ့တယ်...

သူ့မှတ်ဉာဏ်တွေထဲမှာတော့ Hillaryနဲ့ တစ်ခါမှ မအိပ်ဖူးပါဘူး။

လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆို မပြောနဲ့။

Joel သည် ရှေ့က လူနာခန်းထဲသို့ ဆက်မသွားဘဲ Ian ၏ လူနာဆောင်ကိုသာ ပြန်လာခဲ့သည်။

လှေကားထစ်ထဲတွင်။

သူမ၏ ခြေထောက်ကို ပိတ်ဆို့လိုက်သဖြင့် Nora ၏ လက်သီးချက်က သူ့ကို  ထိတ်လန့်သွားစေသည်။ ထို့နောက် ရှာဖွေရင်း သူ့ဘယ်ဘက်ပခုံးကို လက်သီးနဲ့ထိုးလိုက်တယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now