ကပွဲမှာ သူမတို့ စကားများခြင်း ( ၃ )

2.5K 359 43
                                    

အပိုင်း ( ၈၅ )- ကပွဲမှာ  သူမတို့ စကားများခြင်း (  ၃ )

Rachel သူမရဲ့ ခေါင်းကို ချက်ချင်းလှည့်ပြီး ကြည့်လိုက်တယ်။ လူတစ်စုက ဝိုင်းအုံနေကြတာကို သူမြင်လိုက်သည်။

သူမ ကလို့ပြီးသွားတဲ့ Sheril နဲ့ Nora ကို တစ်ချက်ကြည့်လိုက်တယ်။  မော်ကြွားပြီး အနိုင်ရလိုက်သော အမူအရာသည် သူမရဲ့ မျက်လုံးများတွင် တောက်ပလာသည်။ သူမ သူမရဲ့ အ၀တ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်ပြီး ပြောလိုက်တယ်။

"ကျွန်မ သူမဆီ သွားပြီး မစ္စ Turner ကို နှုတ်ဆက်လိုက်ဦးမယ်"

Caden ၏ မျက်လုံးများ တောက်ပလာသည်။  သူကလဲ

“မင်းနဲ့လိုက်ခဲ့....” ဟူသော စကားလုံးကို မပြောမီ၊ Rachel က သူ့ကိုဖြတ်ပြောလိုက်သည်။  “Turnerရဲ့ နားမှာ စုရုံးနေတဲ့ လူတွေက ချမ်းသာပြီး ကျော်ကြားတဲ့ မိန်းမပျိုတွေချည်းပဲ။ ရှင်အဲဒီကို ဘာအတွက် သွားမှာလဲ။ ဒီမှာပဲ  ခဏစောင့်လိုက်ပါ။  Tanyaက နောက်ဆုံး အက သင်‌ပြပေးဖို့ ကျွန်မ အိမ်ကို လာမှာပဲဟာ။  အဲ့ခါကျမှ သူ့ကို တွေ့လို့ရတာပဲမလား"

ထိုစကားကိုပြောပြီးနောက် ချက်ချင်းပင် သူမလှည့်ထွက်သွားသည်။

Rachel သည် အသံကျယ်ကျယ်ဖြင့် ကျယ်လောင်စွာပြောသောကြောင့် အနီးနားရှိလူတိုင်းက သူမ ပြောတာကိုကြားသဖြင့် Caden ကို ကြည့်ကာ လှောင်ပြောင် ရယ်မောလိုက်ကြသည်။

Caden သည် သူ၏ လက်သီးများကို ဆုပ်ထားသည်။ သူမပြောပုံက သူ့ပါးပြင်ကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သလို ခံစားလိုက်ရတယ်။

Rachel က သူ့ကို လုံးဝ လေးစားခြင်းမရှိခဲ့ပေ။ သူမနှင့်အတူ အကလေ့ကျင့်ခဲ့သည့် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူက နေ့တိုင်း သူမကို ကလေးလေးလို သေချာ ဂရုတစိုက် ပြင်းထန်စွာ သင်ကြားပြသပေးခဲ့သည်။ သို့သော်  သူမသည် ဆိုးဝါးသော ဒေါသများသာရှိနေသည်!

အဝေးကို လှမ်းကြည့်လိုက်တော့ အနီရောင် ဂါဝန်ဝတ် အမျိုးသမီးသည် ဆိုဖာဆီသို့ လျှောက်သွားပြီး ထိုင်နေလေပြီ။

ဒီနယ်ပယ်မှာ  ရုန်းကန်နေရသော Caden သည် အချိန်အတန်ကြာ ထိုနေရာမှာပဲ  ရပ်နေခဲ့သည်။  နောက်တော့ သူ သူမဆီသို့ လျှောက်သွားလိုက်တယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now