အင်တာဗျူး ကင်းလွတ်ခွင့်

2.3K 388 3
                                    

အပိုင်း ( ၇၂ )- အင်တာဗျူး ကင်းလွတ်ခွင့်

Logan သည် မျက်ခုံးပင့်ပြလိုက်သည်။

"Tsk၊ မင်းပုံက သူ့ကို အရင်က မြင်ဖူးသလိုပဲ။"

Cherryက ပြုံးပြီးပြောမလို့ လုပ်လိုက်သည်။

"Yanci က-"

"Cherry!"

ထို သတိပေးသော အသံကို Cherryက ကြားလိုက်ပြီး "သူက မေမေလေ"လို့ ပြောတော့မဲ့ စကားလုံးများသည် သူ့ရဲ့ ပါးစပ်တွင်းမှ လည်ချောင်းထဲ ပြန်မြိုချလိုက်ရသည်။   အဆုံးတွင် သူမသည် “မည်သူ့ကိုမျှ ပြောခွင့်မရှိ” ဟု ညင်သာစွာပြောလိုက်သည်။

Logan သည်လဲ ဘာမှပြန်မပြောဘဲ ကားကိုသာ မောင်းနေလိုက်သည်။ ဒီကလေးက ကြွားလုံးထုတ်တော့မည်ဟု တွေးရင်းသာ သူ့နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။

သူတို့အတွက် ဖြတ်သန်းခဲ့ရတဲ့ ဘဝက ခက်ခဲနေပါပြီ။  သူလဲ သူတို့အလိမ်အညာတွေကို ထုတ်ဖော်မှာမဟုတ်ဘူး။

သူတို့ကို အရှက်မကွဲစေချင်တဲ့အတွက် ဒီအကြောင်းကို သူဆက်မပြောတော့ပါ။

သူငယ်တန်းကျောင်းသည် Andersonမိသားစု နေအိမ်နှင့် အလွန်နီးကပ်သောကြောင့် သူတို့ရောက်ရန် ကားဖြင့် ဆယ်မိနစ်သာကြာသည်။

၎င်းသည် နယူးယောက်ရှိ ထိပ်တန်း သူငယ်တန်းကျောင်းဟု အမည်တွင်ခဲ့သည်မှာ သေချာသည်။  International Golden Sunshine Kindergarten သည် နန်းတော်တစ်ခုလိုဖြစ်ပြီး အပြင်ပိုင်းသည် ခမ်းနားပြီး အဆင့်မြင့်သည်။

သားသမီးတွေကို ခေါ်ဖို့ စောစောကြိုရောက်လာပြီး စောင့်နေတဲ့ မိဘတွေတောင် ရှိတယ်။  သူတို့မောင်းတဲ့ကားတွေက သန်းနဲ့ချီတန်တဲ့ ဒါမှမဟုတ် တောက်ပြောင်တဲ့ လိုင်စင်နံပါတ်ပြားပါတဲ့ သာမန်ကားတွေပါ။

သူတို့ရဲ့ ကားက သူငယ်တန်းကျောင်း အ၀င်စမှာ ရပ်လိုက်ရသည်။ ထို့နောက် သူတို့ကို လုံခြုံရေးအစောင့်က မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။

"မင်းတို့ လာရတဲ့ အကြောင်းက ဘာတွက်လဲ"

Logan က အသက်ပြင်းပြင်းရှူပြီး "အင်တာဗျူးဖို့ လာတာပါ" လို့ ပြန်ဖြေလိုက်တယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now