သူမစကားများပျောက်ရှ

6.1K 667 16
                                        

ပထမထပ်ရှိ ဘားသည် ယခုအချိန်တွင် လူအများ၏ အသံများဖြင့် ပွက်ပွက်ဆူနေပြီဖြစ်သည်။

Anthonyသည် ကယ်လီဖိုးနီးယားတွင် လူသိများသည်။  သူ့ရဲ့ဖိတ်ခေါ်မှုပြီး နောက်မှာ သူ့သူငယ်ချင်းတွေ က တစ်ဆင့် ထပ်ပြီး သူငယ်ချင်း တွေ ခေါ်လာ ပြီး နေရာ တွေ ဖြည့် ပေး လိုက် တယ် ။

ဘားတစ်ခုလုံးရှိ မီးရောင်များက မှုန်ဝါးနေပြီး ယောက်ျားနှင့်မိန်းမတို့သည် အကကြမ်းပြင်ပေါ်တွင် စိတ်အားထက်သန်စွာ သူတို့ရဲ့ ခန္ဓာကိုယ်ကို လှည့်ပတ်နေကြသည်။

အနီရောင်ဂါဝန်ရှည်ကို ၀တ်ထားသည့် Angelaသည် လက်ထဲတွင် အရက်ခွက်ကို ကိုင်ပြီး သောက်ကာ ပါးပြင်များ နီရဲနေပြီးထောင့်တွင် ထိုင်နေသည်။  သူမဘေးတွင် သာယာနေသော သူငယ်ချင်းတစ်စုက သူမကို မြှောက်ပင့်ပြောဆိုနေကြသည်။

“Hotel Finest က ဈေးမကြီးပါဘူး Angela။  Anthony စိတ်ထဲမှာ ကြီးကြီးမားမား တစ်ခုခုကို အစီအစဉ်နေတာတွေ  ရှိရမယ် ဟုတ်တယ် မဟုတ်လား။  သူ...Purposeလုပ်မလို့များလား"

"သူက purposeလုပ်မယ်ဆိုတာ ငါသေချာသိနေတယ်!  နင့်အစ်မ ပြန်လာတော့ သူတို့ရဲ့  စေ့စပ်ထားတဲ့  သဘောတူညီမှုက ပြီးဆုံးသွားပြီ လို့ ကြားတယ်။  အဲဒါဆို သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုက တရားဝင် ပျက်သွားပြီ!”

"အဲဒါက ဝက်ပုတ်မ... ယုတ်မာတဲ့မိန်းမရဲ့အမှား။  သူမက  နိုင်ငံခြားမှာ နှစ်အတော်ကြာ ပုန်းအောင်းနေပြီး ပြန်မလာဘဲ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ ငြင်းဆန်‌မနေခဲ့ဘူးဆိုရင် Angela နဲ့ Anthony တို့က ဟိုးအရင်ကတည်းက လက်ထပ်ခဲ့ပြီးနေလောက်ပြီ!”

"ဟေ့ ဒီမိန်းမက ဘာလို့ဒီကိုရောက်နေတာလဲ"

ထိုစကားကြောင့် Angelaသည်လည်း ဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။

Noraသည် ယနေ့ထက်တိုင် ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသည်။  ဂျင်းဘောင်းဘီနှင့် အနက်ရောင် တီရှပ်အင်္ကျီတစ်ထည်သည် သူမ၏လည်ပင်းတစ်ဝိုက်ရှိ အသားအရည်ကို အနည်းငယ် ဖော်ထားသဖြင့် ၎င်းသည် အလွန်ဖြူစင်တောက်ပြောင်နေသည်။

သူမရဲ့ မျက်လုံးများသည် အေးစက်နေကာ သူမသည် လောကကြီးကို ငြီးငွေ့နေသောခံစားချက်ကို ဖော်ပြနေသော်လည်း သူမ၏ရုပ်ရည်မှာ စွဲမက်ဖွယ်ကောင်းပြီး လှပနေသည်။  သူမ ဝင်လာလိုက်သည်နှင့် သူမပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now