အပိုင်း ( ၁၂၁ )- နူးညံ့ပြီး ချစ်စရာကောင်း‌သောသမီး။

3K 349 2
                                    


Whitney ပြောပြီးသည်နှင့် တပြိုင်နက် တခြားတစ်ဖက်က အေးစက်‌စက်လေသံတစ်ခုကို သူမ ကြားလိုက်ရသည်။ 

  “သူကိုယ်တိုင်က သခင်မလေး ဟုတ်မဟုတ် မသိပေမယ့် မင်းကတော့ ကောင်းကင်ဘုံကိုသွားပြီး စကားပြောဖို့ ကူညီပေးနိုင်တာကိုတော့ ငါသိတယ်။”

“…”

Whitney ရုတ်တရက် အေးခဲသွားရသည်။  သူမခေါင်းကို လှည့်ကြည့်လိုက်‌ရာ Justinကို တွေ့သည်နှင့် သူမ ရပ်နေတဲ့ နေရာတွင်ပဲ ကျောက်ရုပ်လို တောင့်ခဲ သွားကာ ထိတ်လန့်သွားရသည်။ 

ထိုသူမှာ အနက်ရောင် အကျီကို သေချာ စမတ်ကျကျ ၀တ်ဆင်ထားတဲ့ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အမျိုးသားတစ်ယောက်ဖြစ်သည်။  သူက အရပ်ရှည်ပြီး သူ့ပတ်ဝန်းကျင်မှာလဲ  ပြင်းထန်တဲ့ အမိန့်ပေးသော ရောင်ဝါများက ရှိနေသည်။  သူ့မျက်နှာမှာလည်း အေးစက်ပြီး လေးနက်နေကာ သူ့မျက်လုံးထောင့်ရှိ မှဲ့လေးတွေရဲ့ အလှတရားများကပင် အေးစက်နေပုံရသည်။

သူငယ်တန်း တံခါးဝမှ လေထုသည် ချက်ချင်းပင် အုံ့မှိုင်းလာတော့သည်။Whitney က Justin ကို အရင်က မြင်ဖူးတယ်။ နယူးယောက်မြို့ရှိ စီးပွားရေးညစာစားပွဲတွင် သူမခင်ပွန်း Bob Lowe နှင့် အတူ တက်ရောက်ခဲ့သည်။  ထိုအချိန်က မစ္စတာ Huntက အလှမ်းဝေးသော နေရာတစ်ခုတွင် ထိုင်နေပြီး သူ့အနီးတစ်ဝိုက်တွင် တခြားသူတွေ သူ့အနားကပ်ရန်ပင်  မဝံ့မရဲဖြစ်နေခဲ့ကြသည်။

ထိုအချိန် သူက အရမ်းငယ်ပြီး အသက်နှစ်ဆယ်ပဲရှိသေးတယ်။  မသေမျိုး တစ်ပါးလို့တောင် ခံစားရစေပြီး  အလွန်ချောမောကာ ထူးထူးခြားခြား ကောင်းမွန်သော ကံကောင်းခြင်းများကို သယ်ဆောင်လာသူ ဖြစ်သည်။

ထိုအချိန်တွင် Whitneyက အာဏာရှိလူများရဲ့ အရိပ်အာဝါသနဲ့ နောက်ခံအမှန်ကတကယ် မည်သို့မည်ပုံရှိသည်ကို နောက်ဆုံးတွင် တွေ့မြင်ခဲ့ရသည်။

ထို့ကြောင့် သူက Whitney ရဲ့  အလွန်နက်နဲသော အထင်ကြီးလေးစားမှုကိုပင်  ရစေခဲ့သည်။

ဒါပေမဲ့  သူက ဘာလို့ အခုဒီကို ရောက်နေတာလဲ။

သူမ အံ့သြနေချိန်မှာပဲ  Cherryက အံ့အားသင့်ကာ "Daddy?"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now