အပိုင်း ( ၁၂၈ ) - အမေက ခွေးပေါက်လေးတွေကို ကြိုက်တယ်~

2.4K 321 3
                                    


Justinရဲ့ လက်ထဲတွင်ရှိသော Cherry သည် မနေ့ညက သင်္ချာအိုလံပစ်သင်ခန်းစာအဖြစ် လူသိများသော 'ချစ်ခြင်းမေတ္တာမျှဝေခြင်း' ကို ဖြတ်သန်းခဲ့ရသော်လည်း ယနေ့တွင် အတန်းပျက်ရ
သည့် အတွက် အလွန် စိတ်ပျော်နေပါသည်။ 

သူမက မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ လှည့်ကြည့်လိုက်သည်။  သူမရဲ့ ‌အသံသေးသေးလေးတွေနဲ့ မေးလိုက်တယ်။

“မေမေက အဲဒါတွေ ဖေဖေ့အတွက် ပြင်ဆင်ထားတာလား ”

Justin က “… ဟုတ်မယ် ထင်တာပဲ” လို့ ပြန်ဖြေလိုက်တယ်။

သူက ချောင်းဟန့်ပြီး သမီးဖြစ်သူကို မေးလိုက်ပြန်သည်။

“မစ္စ Smith က ဖေဖေ့ကို လက်ထပ်ခွင့် တောင်းတယ်ဆိုရင်  လက်ခံသင့်လား၊ ငြင်းပယ်သင့်လား”

Cherry "????"

ဒီနေ့  ဖေဖေ အိမ်မှာ IQ ချန်ထားခဲ့တာလားလို့ သူမ တွေးလိုက်မိကာ ‌အဖေ ဖြစ်သူကို စိုက်ကြည့်လိုက်တယ်။

မေမေက ဘာလို့ ဒီလို အဓိပ္ပါယ်မဲ့တဲ့ အရာကို လုပ်ရမှာလဲ။

သူမမှာ ဒါတွေအားလုံးကို ပြင်ဆင်ဖို့ အချိန်ရှိတယ်ဆိုရင်တောင် အဲဒါအစား သူမက အဲ့အချိန်မှာ အိပ်နေဖို့က သေချာသည်ပဲလေ။

Cherry သူမရဲ့နှုတ်ခမ်းကနေ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

"ဒီလိုအရာတွေကို စိတ်ကူးနေတာပဲ ဖေဖေ"

.

သူတို့ ဖြတ်သွားသောအခါ ဝန်ဆောင်မှု ပေးသည့် ဝန်ထမ်းများရဲ့ စကားကိုကြားပြီး အခြား ဝန်ဆောင်မှု ဝန်ထမ်းများကစကားကို ပြန်တည့်မတ်ပေးလိုက်သည်။

“Ms.  Smith က ပြင်ဆင်ပေးသူတော့ မဟုတ်ဘူး။  သူမကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်နေတာ တခြားတစ်ယောက်ကသာ  ပြင်ဆင်တဲ့သူပါ။  မင်း ပြောတာ မှားနေပြီ!"

ကံမကောင်းစွာပဲ Justinက သူပြောတာကို မကြားမိလိုက်ပါဘူး။

ထောင့်တစ်နေရာကို ဖြတ်သွားသောအခါတွင် ရုတ်တရတ် ဆူညံသံကို ကြားလိုက်ရသည်။  ထို့နောက် လူတစ်စု ဝိုင်းရံနေသော အမျိုးသမီးကို သူမြင်လိုက်ရသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now