Mr Hunt ထပ်ပြီး ဘ၀င်မြင့်ခြင်း

3.1K 441 4
                                    

စင်္ကြံရှိလူများသည် Tina ကိုသတိမထားမိကြသေးပါ။

Rargorက “Justin ၊ အဲဒီနေ့က ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်က အသက်၂၀လောက်ပဲ ရှိပုံပဲ။  သူ့ကို ခွဲစိတ်ပြီးထဲက ငါတို့ မတွေ့ရတော့တာ မဟုတ်လား  ”

သူ ပြောလိုက်တဲ့ စကားတစ်ခွန်းက လူတိုင်းရဲ့ သံသယကို ပိုကြီးထွားလာစေခဲ့သည်။ 

Raymondက Justin ကို လက်ညှိုးထိုးပြပြီး ပြောဆိုတော့သည်။

“ကောင်းပြီလေ သားဖြစ်သူက အဖွားကို လှေကားပေါ်က တွန်းချလိုက်တာကို အဖေဖြစ်သူကပါ ဒီကိစ္စကို ဖုံးကွယ်ချင်လို့ အဖွားကို မနိုးလာတော့အောင် ဆရာဝန်ကိုပါ ခေါ်လာခဲ့တာ Justin မင်း ဒီကိစ္စကို မိသားစုဝင်ရဲ့ လူတိုင်းရှေ့မှာ ရှင်းပြရမယ်!" 

“သူ့ရောဂါကို ကုသဖို့ အရင် ဆရာဝန်တစ်ယောက်မှ မရှိခဲ့ဘူး။  သူက အရမ်းမိုက်မဲတာပဲ!"

“Justin ဒီလောက်ရက်စက်မယ်လို့ မမျှော်လင့်ထားပါဘူး။  သူမကလဲ သူ့အဖွားပါပဲ…”

“…”

လူတိုင်းက အချင်းချင်း ချင့်ချိန်တတ်လာကြတယ်။

Raymondနှင့် သူ၏သား Ragorတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်ကြပြီး အောင်ပွဲခံသည့် အကြည့်များဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။

Howard သည် သူ့အသံကို လျှော့လိုက်ပြီး သူတို့၏ ထင်မြင်ယူဆချက်များကို ကြားလိုက်သောအခါတွင် စိုးရိမ်စပြုလာသည်။  သူက “Justin အဘွားက ဘာလို့ မနိုးသေးတာလဲ။  သူ့ကို ခွဲစိတ်ပေးတဲ့ သူက ဘယ်သူလဲ။  ငါတို့ သူတို့ကို ကြာကြာထိန်းထားလို့ ရမှာ မဟုတ်တော့ဘူး!"

Justin ၏ မျက်လုံးများ မှေးဆင်းသွားသည် ။

သူမကို အကူအညီတောင်းဖို့ ဆုံးဖြတ်ပြီးကတည်းက သူ့ကို ယုံကြည်ခဲ့တယ်။  မဟုတ်ရင် သူအစထဲက သူမကို ချဉ်းကပ်ခဲ့မှာ မဟုတ်ဘူး။

အဖွားက တနင်္ဂနွေမှာ သတိပြန်ရလာမယ်လို့ ပြောလိုက်တဲ့အတွက် နိုးလာမှာ သေချာပါသည်။

"Uncle Raymond၊ ညမိုးချုပ်တဲ့အထိ မစောင့်နိုင်လောက်အောင် ဘာတွေကများ အလျင်လိုနေတာလဲ” ဟု အေးစက်စွာ သူပြောလိုက်သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now