Cherry မင်းမျက်နှာကို ထုတ်ဖော်ပြသလိုက်မိပြီ။

2.6K 310 1
                                    

အပိုင်း ( ၁၁၅ ) - Cherry မင်းမျက်နှာကို ထုတ်ဖော်ပြသလိုက်မိပြီ။

အိမ်ကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။  တိုက်ရိုက်ထုတ်လွှင့်မှုတွင် Sweetcherryရဲ့ သွက်လက်ပြီး နူးညံ့တဲ့အသံက ထွက်လာတော့သည်။

"လက်ဆောင်တွေ ထပ်မပေးပါနဲ့တော့~ အရမ်းဖြုန်းတီးကြတာပဲ!"

မှတ်ချက်များ အစရှိသည့် အရာများဖြင့် ပြည့်နှက် သွားပြန်သည်။

'သနားစရာ သမီးလေး။   မင်းမှာ sponsor mommyတွေ  ရှိတယ်!'

'ဟင့်!  Sponsor Daddyက ဘာလို့ ထွက်သွားရတာလဲ။  အတော် စိတ်ဆိုးဖို့ ကောင်းတာပဲ!'

'အဆင်ပြေပါတယ် Sweetie.  Sponsor Daddy ထွက်သွားပေမဲ့ ငါတို့ရှိပါသေးတယ်။  နောက်ထပ်  $150 ထပ်ဖြည့်လိုက်မယ်။'

'ငါတို့မရှုံးသေးဘူး...'

Justin တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်သွားသည့်အခိုက် Cherry သတိပြုမိသွားခဲ့သည်။  သူမ ဝမ်းနည်းလွန်းလို့ မျက်လုံးတွေ နီရဲလာပြီး မျက်ရည်တွေ ဝဲလာခဲ့တယ်။  သူမရဲ့ ပါးစပ်လေးမှာလည်း အနည်းငယ်  နှုတ်ခမ်းစူသွားတော့သည် ။  သူမက အဖွဲလိုက် ကစားနေစဉ်အချိန်မှာ ကွန်ပျူတာ screenကို မကြည့်ဘဲ နေခဲ့တယ်။  သူမက အောက်ကိုသာ ငုံ့ထားတာကြောင့် သူမရဲ့ ပါးပြင်လေးတွေနဲ့ သူမရဲ့ မျက်တောင်လေးများကိုသာ သိသိသာသာ မြင်ရစေသည်။

သူမက ဒေါသတကြီး ရေရွတ်ရင်း “ဖေဖေက အရမ်းဆိုးတာပဲ။  ဖေဖေကို အခုကစပြီး ဘယ်တော့မှ မကြိုက်တော့ဘူး…”

စခရင်ကို စိုက်ကြည့်နေသော Justin သည် မျက်တောင်တောင် မခတ်ဝံ့ပေ။

ထိုမျက်နှာလေးနှင့် နုပျိုနူးညံ့သောအသံက သူ့ရဲ့  တစ်ကိုယ်လုံးကို တောင့်တင်းသွားစေခဲ့သည်။  သူ အသက်တောင် မရှုနိုင်တော့ဘဲ ဖုန်းထဲက ကလေးမလေး တစ်ခုခုကို ခံစားသွားမှာကို ကြောက်နေရသည်။

သူ လုံးဝ ထိတ်လန့်တုန်လှုပ်သွားသည်။

သူ့မှာ သူ့ကို အမြဲစိတ်တိုအောင် လုပ်တဲ့ သားလေးတစ်ယောက်ရှိရုံအပြင်  သမီးလေးတစ်ယောက်လည်း ရှိနေသေးသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now