မွေးနေ့လက်ဆောင်

2K 318 3
                                    

အပိုင်း ( ၁၀၁ )- မွေးနေ့လက်ဆောင်

ဖြန်း!

Miranda သည် သူမ၏ အမြင်အာရုံက မှောင်မိုက်သွားသလို ခံစားလိုက်ရပြီး ကြည်လင်ပြတ်သားသော အသံတစ်ခု ကြားလိုက်ရသည်။ သူ့ခေါင်းက အနည်းငယ် ဘေးသို့ ရောက်သွားသည်။  သူမရဲ့ ပါးမှ ပူပူနွေးနွေး နာကျင်မှုကို ခံစားလိုက်ရမှ တစ်စုံတစ်ယောက်က သူမကို ရိုက်လိုက်မှန်း သိလိုက်ရသည်။

သူမ ပြန်လှည့်ကြည့်လိုက်တော့ သးမရှေ့တွင် ရပ်နေတဲ့သူက Noraဖြစ်ကြောင်း တွေ့လိုက်ရသည်။ Noraက သူ့ကို စိုက်ကြည့်ကာ အေးစက်စက် အမူအရာနဲ့ ပြောလိုက်တယ်။

"ဒေါ်လေး Melissa က ယဉ်ကျေးသိမ်မွေ့တဲ့ အမျိုးသမီးမို့လို့ ရှင့်ကို မရိုက်ဘူး"

ထို့နောက် သူမက မျက်ခုံးပင့်ပြီး  အေးစက်စွာကြည့်ကာ ဒေါသကြီးစွာ ပြောလိုသည်။

"ဒါပေမယ့် ကျွန်မက ဒေါသကြီးတဲ့ မိန်းကလေးတစ်ယောက်မို့ ကျွန်မရှေ့မှာ ရိုင်းစိုင်းတဲ့ အပြုအမူကို မြင်ရင် ဘယ်သူကိုမှ သည်းမခံနိုင်ဘူး"

“…”

သူမ၏ ပြောဆိုပုံက Miranda ကို ခြိမ်းခြောက်နေတာ ဖြစ်သည်။  အမျိုးသမီးငယ်လေးသည် ပိန်ပိန်ပါးပါးနဲ့ ပျော့ညံ့ပုံရပြီး သူမရဲ့ သေးသွယ် သွယ်လျသော လက်ချောင်းများနဲ့ သူမအား ပါးရိုက်လိုက်ပေမဲ့ ရိုက်လိုက်တဲ့ အားသည် အတော်ပျင်းလှသည်။ ကြယ်တွေလတွေတောင် မြင်သွားရလောက်တဲ့အထိ ပျင်းလှပေသည်။ 

Miranda သည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ Nora နှင့် သူမကြား အကွာအဝေးကို ထားလိုက်သည်။  သူမ ပါးပြင်ကို လက်ဖြင့် အုပ်ကိုင်လိုက်ပြီး
“ Melissa !  နင်က သူ လူကြီးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာကို ကြည့်နေတာလား။ သူမကို အခုချက်ချင်း တောင်းပန်ခိုင်း။ မဟုတ်ရင် ငါ ဒီကိစ္စကို ဒီတိုင်းထားမှာ မဟုတ်ဘူး ”

Melissa ၏ပါးပြင်သည် အခုထိ ပြင်းထန်စွာ နာကျင်နေဆဲဖြစ်သည်။

သူမသည် ယဉ်ကျေးသိမ်မွေ့သော ပညာတတ် လူတန်းစား တစ်ယောက်ဖြစ်သည်။

သူမသည် ပြဿနာတစ်ခုနှင့်တွေ့တိုင်း ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခြင်းကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါ၊ မယဉ်ကျေးသောသူများနှင့် ငြင်းခုံခြင်းကို ပို၍ပင် မုန်းတီးခဲ့သည်။  Miranda သည် လမ်းများပေါ်တွင် ကြွက်စုတ်တစ်ကောင်လို အမြဲ ပြုမူနေပုံက သူမကို ရွံရှာ ရဆုံးသော ခံစားမှုကို ဖြစ်စေသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now