၄င်းက အမှန်တကယ် Carefree Pillsပဲ

3.1K 446 1
                                    

Justin သည် သူ့မျက်နှာတွင် အေးစက်သောအကြည့်များရှိနေခဲ့ပြီး အရှေ့သို့ လျှောက်လာခဲ့သည်။

ဆွေးနွေးပွဲသည် အလွန်ဆူညံနေသဖြင့် ဧည့်သည်များအားလုံးသည် ၎င်းတို့၏ သက်ဆိုင်ရာ အုပ်စုငယ်များအတွင်း စုရုံးနေခဲ့ကြသည်။  Justin သည် အထဲသို့ ပေါ်ပေါ်ထင်ထင် ၀င်လာခြင်း မရှိတာကြောင့် သူ့ကို ဘယ်သူမှ သတိမထားမိခဲ့ကြချေ။ 

ထို့အပြင်၊ ဤသည်မှာ ဆေးဘက်ဆိုင်ရာဆွေးနွေးပွဲ တစ်ခုဖြစ်သည်။  ဤနေရာရှိ ဧည့်သည်အများစုသည် သူ့ နယ်ပယ်က မဟုတ်တာကြောင့်  မည်သူမည်ဝါဖြစ်သည်ကို မသိခဲ့ကြပေ။

သို့သော်၊ သူတို့ထဲတွင် လက်ထောက် Dean Lucas ကတော့ မပါဝင်ပါ။

လက်ထောက် Dean Lucas သည် သူ့ကိုမြင်သောအခါ အံ့အားသင့်သွားသည်။ 

“အမ်-Mr.Huntမလား?"

သို့သော် Justin က သူ့ကို လျစ်လျူရှုလိုက်သည်။  သူက Simon ကိုလှည့်ကြည့်ကာ ပြောသည်။

"ဦးလေး Simon၊ Hospital Finest က Andersons တို့ဆီက တိုင်းရင်းဆေးတွေ အားလုံးကို ၀ယ်ပါမယ်။ Harmonia Pharmacyမှာ ရောင်းတဲ့ ဆေးအမျိုးအစားတိုင်း အတွက် တစ်လကို ဆေးပြား 5,000၀ယ်ပါမယ် "

သူတို့အားလုံး အံသြသွားကြသည်။
ဆေးပြား 5000... တစ်မျိုးစီကိုလေ။
အများကြီးတော့ မဟုတ်ပေမယ့် ဒီပမာဏက Harmonia Pharmacy ရဲ့နေ့စဉ်အသုံးစရိတ်ကို ထိန်းထားဖို့ လုံလောက်ပါတယ်။

လက်တွေ့တွင်တော့ သူသည် သူတို့ရဲ့  အသက် ကယ်တင်ရှင် တစ်ယောက်ဖြစ်သည်။

ထို့အပြင် သင့်လျော်သော ပမာဏကိုလည်း ရွေးချယ်ခဲ့သည်။  Hospital Finest သည် ဆေးအမျိုးအစားတိုင်း၏ ဆေးပြား 5,000 အားလုံးကို သေချာပေါက် ပြီးမြောက်အောင် ထုတ်နိုင်ခဲ့သည်။  ထို့ကြောင့်၊ Justin သည် သူတို့အား သနားလို့ လုပ်တဲ့ လုပ်ရပ်မျိုးမဟုတ်ပဲ Andersonမိသားစုကို လေးစားကြောင်း ပြသခြင်းကြောင့်သာ လုပ်ခဲ့ကြောင်း အများကို သိစေသည်။

ဒီကိစ္စကို သူကိုင်တွယ်ပုံက သင့်လျော်သလို စေ့စပ်သေချာတယ်။

Simonသည် အံ့ဩသင့်နေရာ သူသည် သူ့ရဲ့ စိတ်ကို ပြန်ထိန်းချုပ်လိုက်ပြီး သူရယ် Sheena နဲ့ Melissa  သူတို့၃ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ 

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now