Wet Dream

2.7K 354 13
                                    

အပိုင်း ( ၉၄ )- Wet Dream

ထိုပလက်ဖောင်းက သူ့ဆီ မက်ဆေ့ခ်ျတွေ ပို့နေခဲ့တာကို Cherryက လုံးဝမသိခဲ့ဘူး။  ဖောက်သည်ဝန်ဆောင်မှုကဲ့သို့သော အရာများကို သူမနားမလည်ပေ။  သူမသည် ဂိမ်းတွင်သာ  စွဲလန်းနေသောကြောင့် မက်ဆေ့ခ်ျများကို လုံးဝမဖြေကြားခဲ့ပါ။

ရလဒ်အနေဖြင့် ဖောက်သည်ဝန်ဆောင်မှုဝန်ထမ်းများသည် သူမထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာမရသောအခါ သူတို့သည်Cherryဘက်က ၀င်ထားတဲ့ accပုံပါအတိုင်း  Cherryရဲ့ဓာတ်ပုံကို အသုံးပြုကာ သူမမျက်နှာကို ထုတ်ဖော်ပြသပြီးသည့်အချိန်တွင် သူမကတော့
ဂိမ်းတွင်သာ အာရုံရောက်နေခဲ့သည်။  သူမရဲ့ ဓာတ်ပုံနဲ့ စာရင်းသွင်းလိုက်တာကြောင့် သူမရဲ့ ဂိမ်းစာမျက်နှာတွင် သူမပုံပေါ်သွားခဲ့သည်။  ထို့နောက် သူမကို နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပို့လာသည်။

‘‘ဓာတ်ပုံတင်ပြီးပြီ။  ကျွန်ုပ်တို့သည် လက်ရှိတွင် မှတ်ပုံတင်ခြင်းအဆင့်တွင် ရှိနေပါတယ်။  မနက်ဖြန်မှာ ပြိုင်ပွဲစတင်မှာပါ။  စတင်ချိန်တွင် ပြိုင်ဘက်များကို ကျပန်းသတ်မှတ်ပေးမှာ ဖြစ်ပါတယ်။  ဒီပြိုင်ပွဲမှာ မင်းရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်နေပါတယ်။'

ဒါပေမယ့် Cherry ကတော့ ဒါကို သတိမထားမိလိုက်ပြန်ဘူး။

"ကစားနည်းကို မင်းတကယ်သိလား။  ကွန်ပြူတာ ကီးဘုတ် မသုံးတတ်ဘူးလား ။  ဖုန်းမှာ  ခလုတ် လေးခု၊ ငါးခုပဲ ရှိတာတောင် ဘယ်လိုတွေ နှိပ်ပြီး ဆော့နေတာလဲ!! မင်းရဲ့ အိမ်မွေးကြောင် ဖုန်းနှိပ်ပြီး ဆော့ရင်တောင် မင်းထက်ပိုသာဦးမယ်!"

ညစာစားပြီးနောက် Nora အပေါ်ထပ်သို့တက်သွားသည်။  သူမ တံခါးဖွင့်လိုက်သည်နှင့် တစ်စုံတစ်ယောက်အား ဒေါသထွက်နေသော Cherry၏ ကြိမ်းမောင်းသံကို ချက်ချင်းကြားလိုက်ရသည်။  ရေတစ်ခွက်သောက်ရင်း သူမအနည်းငယ် လန့်သွားရသည်။

Cherryက ဂိမ်းဆော့ပြီး ခဏကြာတော့စာကျက်နေတာကြောင့် Nora က ဆိုဖာပေါ်ထိုင်ပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်။

သူမ၏ မျက်လုံးများ မှိန်ဖျော့သွားသဖြင့်၊ Nora ၏ ရှည်လျားသော လက်ချောင်းများသည် Keyboardပေါ်တွင် စာအနည်းငယ်ရိုက်ကာ Black Websiteထဲသို့ ဝင်သွားသည်။  ထို့နောက် နောက်ထပ် စာလုံးအနည်းငယ် ထပ်ရိုက်ပြီး အခြား Webစာမျက်နှာသို့ ပြောင်းသွားသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now