အပိုင်း ( ၁၁၈ )- သူ့တွင် ကလေးရှိလျှင်
Cherry, "???"
သူမရဲ့ ဖုန်းကို အကြာကြီး စိုက်ကြည့်ရင်း မျက်လုံးများ ကျယ်ပြီး ဝိုင်းစက်လာသည်။
Pete က Daddy ကို မမေးခဲ့ဘူး ဆိုရင်တော့ သူမ သူ့ကို ယုံမှာ သေချာပါတယ်။
ဒါပေမယ့် Pete က သူ့ကို မေးထားပြီးသားပါ။ ဒီဆိုးသွမ်းတဲ့ Daddy က သူမကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာ။
Cherryက ထိုအကြောင်းကို တွေးနေရင်းနဲ့ပဲ နောက်ဆုံးမှာတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်ခွင့်ကို ထပ်ပြီး ပယ်ချခဲ့ပြန်သည်။
မှတ်ချက်များထဲမှ မိခင်ပရိသတ်များသည်လည်း Sponsor Daddy ကို လှောင်ပြောင်နေကြသည် ။
'ဒါက ငါ့ကိုသတ်နေတာပဲ။ ခုနက Sweetie ရဲ့အဖေမဟုတ်ဘူးလို့ပြောခဲ့တာ ဘယ်သူလဲ။'
'သူက ခုနကတော့ မကူညီခင်မှာ တိုက်ရိုက်ထုတ်လွှင့်သူကို အကူအညီတောင်းစေချင်တယ်.. အဲဒီနောက်ပိုင်း တိုက်ရိုက်ထုတ်လွှင့်မှုကနေ ထွက်သွားတယ်။ သူ့ကို ထွက်သွားတယ်လို့ ထင်ခဲ့ပေမဲ့ သူကတော့ accထဲကို ငွေဖြည့်ဖို့ ထွက်သွားခဲ့တာတဲ့လား။ '
'Aaaaah! Sponsor Daddy ကို ချစ်တယ်။ သူက အရမ်းမိုက်တာပဲ!'
'ကျွန်မကတော့ Sponsor အဘိုးနဲ့တင် လုံခြုံတယ်လို့ ခံစားနေရတာ ကျွန်မတစ်ယောက်တည်းလား။'
'စပွန်ဆာအဘိုးက ပိုအားကောင်းပြီး ပိုမိုက်တယ်လို့လည်း ခံစားရတယ်။'
ထို့နောက် တစ်စုံတစ်ယောက်သည် မှတ်ချက်များတွင် စစ်တမ်းတစ်ခုစတင်ခဲ့သည်- 'စပွန်ဆာအဘိုး ဒါမှမဟုတ် စပွန်ဆာဖေဖေ၂ယောက်ထဲမှာ ဘယ်သူ့ကို ပိုနှစ်သက်လဲ။'
Cherryက မှတ်ချက်များကိုကြည့်ကာ သူမရဲ့ နူးညံ့သိမ်မွေ့သောအသံဖြင့် “ငါ Sponsor အဘိုးကို ပိုကြိုက်တယ်။ ဒါပေမယ့် အဘိုး လက်ဆောင်တွေ ထပ်မပေးနဲ့တော့ ဟုတ်ပြီလား? ငါ့ကို အများကြီး ပေးခဲ့တာပဲ Sponsor အဘိုးက ။ ဒါပေမဲ့ တခြားသူတွေဆီကနေ အလကား မယူရဘူးလို့ မေမေက ပြောထားတယ်။”
အဘိုးက 'အဲလောက်ကြီးတော့ မဟုတ်ဘူး။ မင်းကို ပေးရတာပိုပဲ ဝမ်းသာလှပြီ။'
ВЫ ЧИТАЕТЕ
စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )
Любовные романыသူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး နောက်မှာတော့ သူမရဲ့ လှပလာတဲ့ ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ... Crd original author & Eng trans author 🙏🙏 This story isn't mine , just t...
