ကျူရှင်ဆရာရဲ့ သင်ခန်းစာ

5.8K 645 21
                                        

Cherryစကားပြောခါနီးမှာ Justin က မျက်မှောင်ကြုတ်ပြီး "ဘယ်လိုထူးခြားတဲ့နည်းလမ်းတွေလဲ" လို့မေးလိုက်သည်။

ကျူရှင်ဆရာက သက်ပြင်းချလိုက်ပြီး “Pete က Autistic နဲ့ မွေးလာတော့   သူက စကားပြောဆိုတာတွေကို မကြိုက်သလို အခြားသူတွေနဲ့လည်း ပြောဆိုဆက်ဆံရပုံကို မသိဘူး  ဒီအတိုင်းဆက်သွားရင် သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်တယ်။ အဲဒါကြောင့်မို့   သူ့ကို ဆေးကုသဖို့ ဒါမှမဟုတ် အထူးလိုအပ်နေတဲ့ ကလေးတွေအတွက် ကျောင်းကို ပို့ဖို့ စဉ်းစားလိုက်တာ အဆင်ပြေမယ် ထင်ပါတယ်။”

စကားပြောပြီးနောက် သူ မျက်လုံးများက တောက်ပလာသည်။

Pete သည် အထူးလိုအပ်နေသော ကလေးများအတွက် ကျောင်းသို့ ပို့လိုက်သည်နှင့် တပြိုင်နက် သူသည် စိတ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်နေကြောင်း ဖော်ပြပြီးသား ဖြစ်သွားမည်ဖြစ်သည်။  ဒါမှ သူတို့က သူ့အနာဂတ်ကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။

Cherry ဒေါသထွက်သွားသည်။

အဲဒီဆရာက ကြောက်စရာကောင်းတယ်။

သူမက Justin ကို ပြန်ကြည့်တယ်။  Daddy သဘောတူရင် သူ့ကို သူ့အဖေအဖြစ် သတ်မှတ်တာကို ရုပ်သိမ်းလိုက်ပြီး Pete ကို သူတို့နဲ့အတူ ထွက်သွားဖို့နဲ့ ဒီကနေ ကယ်တင်ဖို့ အမေ့ကို လုပ်ခိုင်းလိုက်မည်။

ဟင့်

Justin ၏အမူအရာသည် ချက်ချင်းပင် မည်းမှောင်သွားတော့သည်။  “Peteက  နေကောင်းတယ်၊  အထူးလိုအပ်ချက်တွေရှိတဲ့ ကလေးတွေအတွက် ကျောင်းတက်ဖို့ မလိုဘူး ။  မင်း သူ့ကို မသင်ပေးနိုင်ရင် ငါ တခြားတစ်ယောက်ကို ရှာလိုက်မယ်။  Lawrence!”

"ဟုတ်ကဲ့ဆရာ?"

Justin က “သူရဲ့လုပ်ခကို ချက်ခြင်းပေးလိုက် မင်း မနက်​ဖြန်​ ဒီကို လာစရာမလို​တော့ဘူး!"

ကျူရှင်ဆရာသည် ရုတ်တရက်  သူ့ရဲ့ ဒေါသကြောင့် ထိတ်လန့်သွားရသည်။  Justinသည် များသောအားဖြင့် သူတို့အပေါ် ယဉ်ကျေးသိမ်မွေ့သော ယောက်ျားတစ်ယောက်။  Justin ကို သူ(pete)က  ဘယ်လောက်လွှမ်းမိုးထားတယ်ဆိုတာ သူ မေ့သွားအောင် လုပ်လေ့ရှိသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now