အပိုင်း ( ၉၁ )- သူမသည် မစ္စစ်Huntဖြစ်ရန် အရည်အချင်းပြည့်မီပါသလား။
 Bob သည် အစည်းအဝေး လုပ်နေစဉ် တစ်ချိန်လုံးတွင် ထိုနေရာတွင် ထိုင်နေသော ကလေးကို တစ်ချက်ချက် စိုက်
ကြည့်တတ်သည်။ 
 သူ့ဆံပင်က ရှည်လဲ မရှည် တိုလဲမတိုဘူး။ သူ့ပုံစံက ယောက်ျားလေးနဲ့တူသော်လည်း သူ့ရဲ့ နူးညံ့သိမ်မွေ့သော အသွင်အပြင်နဲ့ ဖြူဖွေးကြည်လင်နေသော အသားအရည်ကြောင့် မိန်းကလေး ဖြစ်နိုင်သည်ဟုလဲ ထင်ရသည်။ 
 “… မြေကွက်ဆယ့်ရှစ်ကွက်က  အနာဂတ်မှာ  New Yorkမှာ အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာတွေ ရှိလိမ့်မယ်၊ ဒါပေမယ့် ဒီလို ကြီးမားတဲ့ ပရောဂျက်ကြီးကို ကျွန်တော်တို့ပဲ  မတတ်နိုင်ဘူး။”  Bob နဲ့ အတူ လိုက်ပါလာတဲ့ ပရောဂျက်မန်နေဂျာက Justin ကို တလေးတစား ကြည့်ကာ ထပ်ပြောလိုက်တယ်။ 
 “Mr.Hunt၊ ခင်ဗျား ကျွန်တော်တို့နဲ့ အလုပ်တွဲလုပ်ဖို့ စိတ်ဝင်စားလားဆိုတာ  ကျွန်တော်တို့ သိလို့ရမလား"
 Bob သည် သူ့အကြည့်ကို အမြန်ပြန်ရုတ်လိုက်ပြီး Justin ကို ပြန်ကြည့်လိုက်သည်။
 ပရောဂျက်မန်နေဂျာ တောက်လျှောက်ပြောနေချိန်မှာ ထိုင်ခုံပေါ်မှာပဲ တစ်ချိန်လုံး မတ်မတ်ထိုင်နေမိကာ သူ့အတွေးထဲ သူနစ်မျောနေသည်။ ဒီပရောဂျက်ကိစ္စ တိုင်ပင်နေတဲ့ တစ်လျှောက်လုံး မန်နေဂျာက စကားတစ်ခွန်း ပြောပြီးတိုင်း သူ့ကို ကြည့်ကြည့်နေတတ်သည်။ 
 Justin ကတော့ ညှိနှိုင်းမှု တစ်လျှောက်လုံး သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပေမဲ့ သူကတော့ ဘာဆို ဘာမှ ၀င်မပြောသေးပေ။ 
 သူ့မျက်လုံးများသည် ရေတွင်းနက်များကဲ့သို့ နက်ရှိုင်းပြီး သူ့မျက်လုံးများတွင် လျှို့ဝှက် ဆန်းကြယ်သော အရိပ်အယောက်များ ရှိနေကာ သူဘာတွေးနေလဲ ဆိုတာ ပြောရန် မဖြစ်နိုင်ပေ။  
 အနက်ရောင်စကျင်ကျောက် စားပွဲပေါ်တွင် သူ့ရဲ့ ထူးခြားပြီး သွယ်လျသော လက်ချောင်းများကို တင်ထားကာ မြင်ရသူအဖို့ တစ်ဖက်လူရဲ့ နှလုံးသားကို စည်ူချက်ညီစွာဟခုန်စေနိုင်တယ်။ 
                                      
                                  
                                              YOU ARE READING
စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )
Romanceသူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး နောက်မှာတော့ သူမရဲ့ လှပလာတဲ့ ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ... Crd original author & Eng trans author 🙏🙏 This story isn't mine , just t...
