၇ရကျအကွာ

3.3K 467 9
                                    

အပိုင်း ( ၅၆ ) - ၇ရက်အကြာ

မစ္စစ်Anderson အသက်ပြင်းပြင်းရှူလိုက်သည်။  သူမ၏မျက်လုံးများတွင် ဗလာအကြည့်ဖြင့် Sheena ရှိရာဆီသို့ လှမ်းကြည့်ကာ "သူ့ကို မဟုတ်ဘူး နင့်ကို ထွက်သွားဖို့ ပြောနေတာ!"

Sheena အံ့ဩသွားသည်။  ခဏအကြာတွင် သူမ၏ မျက်လုံးများ ပြူးကျယ်လာပြီး မစ္စစ်Andersonဘက်သို့ လှည့်ကြည့်ကာ “ဘာပြောလိုက်တာလဲ။  မေမေ!”

အဘွားအိုက ရင်ဘတ်ကို တင်းတင်းဆုပ်ပြီး “နင်က နင့်အစ်မကို မရိုသေဘူး၊ သူ့သမီးကိုလဲ မချစ်သလို သနားကြင်နာမှုတောင် မရှိဘူး အဲ့တော့ နင့်ကို ဒီအိမ်က မကြိုဆိုဘူး ထွက်သွား!"

သူမရဲ့ အမေစကားကြောင့် Sheena က ဒေါသထွက်သွားကာ

"အစ်မအကြောင်းပဲ ထပ်​ပြီး!  အမြဲတမ်း သူ့အကြောင်းပဲ! သမီးတို့ ငယ်ငယ်ကတည်း က အမေက သူမအပေါ် အမြဲတမ်းစိတ်နှစ်ထားခဲ့တယ် ဒါပေမဲ့ အစ်မက ထွက်ပြေးသွားခဲ့တော့ အချိန် ဒီနှစ်တွေ အကုန်လုံးမှာ ကျွန်မကသာ အမေ့အတွက် အားလုံး လုပ်ပေးခဲ့တဲ့သူပါ!"

မစ္စစ်Andersonသည် တုတ်ကောက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။  "ဘာပဲဖြစ်ဖြစ် Nora က ကူညီဖို့ ကြိုးစားနေတာ" လို့ ပြောရင်း သူမ နှုတ်ခမ်းတွေ တုန်ခါနေတယ်။

Sheena က “အမေ၊ သူ့လို လမ်းလွဲနေတဲ့ကလေးက အမေ့မျက်လုံးတွေကို ကုသပေးနိုင်တယ်ဆိုတာ တကယ်ယုံနေတာလား။  ကျွန်မတို့ ဒီနှစ်တွေ တစ်လျှောက်လုံး ဆရာဝန်ပေါင်းများစွာနဲ့ ပြသခဲ့ပေမဲ့ ဘယ်ဆရာဝန်ကမှ မကုပေးနိုင်ခဲ့ဘူးလေ ။ သူမက ဘာများလုပ်ပေးနိုင်မှာမို့လဲ။ အဲဒါတောင်မှ အမေက သူမကို ယုံနေတာလား။"

Mrs.Anderson သည် ထိုစကားကြောင့် ပြောစရာ စကား မရှိဖြစ်သွားခဲ့သည်။

အမှန်အတိုင်းပြောရလျှင် သူမသည် သိပ် မယုံသလိုပင်။  သို့သော်လည်း Nora ရဲ့ စိတ်သည် နူးညံ့သိမ်မွေ့ပြီး ကောင်းမွန်တဲ့အပြင် သူမပြောတဲ့ ဘဘောက  အဓိပ္ပါယ်ရှိသောကြောင့် သူမအား ငြင်းဆန်ရန် စိတ်မရှိခဲ့ပေ။

သူမ စကားပြန်မပြောတာကိုမြင်တော့ Sheena က ဆက်ပြောတယ်

"အမေ မျက်လုံးတွေက မမြင်ရတော့ဘူး၊ အဲ့ဒါကြောင့် အခု အမေ့ရဲ့ မျက်လုံးတွေ ဘယ်လောက်နီရဲပြီး ရောင်နေလဲ မသိနိုင်ဘူး။  အဲဒါက ဘယ်လိုဆေးကုသမှုမျိုးဖြစ်နိုင်မှာလဲ။  သူက အမေ့ကို နှိပ်စက်နေတာ သိသာတယ်!"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now