အရင်က သူမ ဘယ်လို ကိုယ်၀န်ရခဲ့တာလဲ။

2.9K 390 4
                                    

အပိုင်း ( ၇၄ )- အရင်က သူမ ဘယ်လို ကိုယ်ဝန်ရခဲ့တာလဲ။

နှစ်ယောက်သား အချိန်နှင့် နေရာကို ပြောကာ တွေ့ဖို့ ညှိလိုက်ကြသည်။

သူမ ဖုန်းချလိုက်တော့ Cherry က ပြေးဝင်လာပြီး မျက်လုံးပြူးကာ မေးလိုက်တယ်။

“မေမေ၊ မနက်ဖြန် ဖေဖေနဲ့ နေ့လည်စာစားဖို့ တကယ်ခေါ်သွားမှာလား”

Nora က ခေါင်းကို ပွတ်သပ်လိုက်ပြီး "မနက်ဖြန် အတန်းရှိတာကို နေ့လည်စာစားဖို့ အမေက သမီးကို ဘယ်လိုခေါ်သွားရမှာလဲ"

“…” Cherryက စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်သည်။

  "သမီး သိပါပြီ!"

Nora၏ မျက်လုံးများတွင် ရက်စက်သော အကြည့်တစ်ချက်က ပေါ်လာသည်။

Pete သည် အင်္ဂါနေ့နှင့် သောကြာနေ့တိုင်း Quinn School of Martial Arts သို့ သွားရသည်။  ထိုနှစ်ရက်မှလွဲ၍ ကျန်အချိန်များကို အိမ်တွင် စာကျက်နေခဲ့သည်။ သူမ သူ့သားကို မတွေ့ရတာ သုံးရက်ရှိပြီ။

နောက်တစ်နေ့တွင် Noraသည် Cherryကို ကျောင်းသို့ ပို့ပေးရသည်။

ထုံးစံအတိုင်း လမ်းဘေးမှာ ကားကို ရပ်လိုက်တယ်။  ထို့နောက် သူမသည် Cherry၏ လက်ကိုဆွဲကာ ဆရာမစောင့်နေသော တံခါးဆီသို့ ခေါ်သွားခဲ့သည်။

Cherryသည် သူငယ်တန်းကျောင်းရဲ့  စိတ်ကြိုက်လုပ်ထားသည့် ကျောင်းဝတ်စုံကို ၀တ်ထားပြီး ကျောင်းလွယ်အိတ်တစ်လုံးကို ကိုင်ဆောင်ထားသည်။  သူမပုံစံသည် အလွန်ချစ်စရာကောင်းပုံရသည်။

ဆရာမက သူတို့ကို နှုတ်ဆက်လိုက်သည်။  "သမီးက Cheryl Smith မလား။  သမီးက Class A မှာ တက်ရမှာ။ ကျွန်မက သမီးရဲ့ဆရာမပါ။ ဆရာမက သမီးကို ခေါ်သွား ပေးရမလား"

Cherryက ထွက်သွားတော့မဲ့ အချိန် Noraက ပခုံးကို ကိုင်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်မ သူ့ ကို စကားနည်းနည်းပြော
လိုက်ဦးမယ်နော် Miss"

ဆရာမက ခေါင်းညိတ်ပြတယ်။  ဒါကို သူမက ကျင့်သားရနေပြီလေ။

မိဘများသည် သူငယ်တန်းကျောင်းသို့ ပထမဦးဆုံး လွှတ်လိုက်သည့် အချိန်တွင် သူတို့၏ ကလေးများနှင့် ခွဲရန် တွန့်ဆုတ်နေပြီး “တစ်စုံတစ်ယောက်က သမီး/သားကို အနိုင်ကျင့်ရင် ဆရာ၊ဆရာမတွေကို ပြောနော်”၊ “မငိုနဲ့တော့။  မေမေက အချိန်မီ လာကြိုပေးမှာပါ” ဟု ပြောခဲ့သည်များကို ကြားနေကျဖြစ်သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now