သူမရဲ့ သမီးအကြောင်း စုံစမ်းမေးမြန်ခြင်း

3.2K 436 1
                                    

Justin က သူမကသာ ပုံရှိတယ်ပြောတယ်  ကြည့်လိုက်တော့လဲ သူမက သူမရဲ့လက်ထဲတွင် ဖုန်းကို ကိုင်ထားခဲ့ပေမဲ့ ဓာတ်ပုံကို ပြချင်ဟန်လဲ ရှိမနေပေ။ 

“…”

သူမရဲ့ ထိုအမူအရာကြောင့် သူ့ရဲ့ စူးစမ်းချင်လိုစိတ်များ ကသိကအောက်ဖြစ်ကာ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။

သူ့ရဲ့ အမူအရာကို မြင်တဲ့ သူ့ဘေးနားကနေ သူတို့ကို ကြည့်နေတဲ့ Melissaက ချက်ချင်းပြောလေသည်။ 

“မင်းက သူ့သမီး Cherryအကြောင်းကို မေးနေတာလား။  အန်တီမှာ အဲ့ကလေးမရဲ့ ပုံတွေကော ဗီဒီယိုတွေကော ရှိတယ်!"

သူမက ပြောလဲ ပြော သူအိတ်ထဲက ဖုန်းကို ထုတ်လိုက်ပြီး Justinကို ပြဖို့ လုပ်နေချိန် Noraက သူမကို ရုတ်တရက် ရပ်တန့်လိုက်သည်။  ပြီးနောက် သူမက စကားလမ်းကြောင်းလွှဲပြီး ပြောလိုက်သည်။

"အန်တီ Melissa၊ ဟိုမှာ ဦးလေး Simon အတွက် အဆင်မပြေဘူးထင်တယ်"

သေချာတာကတော့ Melissaရဲ့ အာရုံကို ‌သူမ အောင်မြင်စွာနဲ့ လမ်းကြောင်းလွှဲနိုင်ခဲ့တယ်။ Melissaလှည့်ကြည့်လိုက်တော့   Simonနဲ့ တခြားတစ်ဖက်က သူတို့ရဲ့ တီးတိုး ငြင်းခုံနေကြသည်ကို သူမ မြင်လိုက်ရသည်။ 

ထို့နောက် သူမလဲ ချက်ချင်းပဲ Justinကို တောင်းပန်အားနာပုံပြကာ Simonဆီသို့ အမြန် လျှောက်သွားတော့သည်။

Justin "..."

Justinကတော့ သူမသည် တကယ်တော့ သူ့ကို ဓာတ်ပုံတွေမမြင်လို၍ ထိုသို့ တမင်လုပ်ခဲ့သည်မှန်း သူသိလိုက်သည်။ သူမက သူ့သားကို ကျတော့ မြင်ဖူးပြီး သူမရဲ့ သမီးကို ကျတော့ မပြချင်ဘူး။  ဒါက ဘာကိုဆိုလိုတာလဲ။ သူလဲ ဝေခွဲမရနိုင်ပေ။ သူ တွေ့ဖူးချင်ပေမဲ့ မတွေ့လိုက်ရတော့ ချက်ချင်းဆိုသလိုပဲ စိတ်မကျေမနပ်ဖြစ်ကာ အကြည့်များ အေးစက်သွားသည်။

Noraကတော့ သူမရဲ့ ခေါင်းလေး တညိတ်ညိတ်လုပ်ကာ Simonဆီသို့ လျှောက်သွားသည်ကိုသာ ကြည့်နေနိုင်ခဲ့သည်။  ထို့နောက် သူ့ရဲ့ အနားမှာ ရှိနေတဲ့ Seanကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now