သူ့မှာ သမီးတစ်ယောက် တကယ်ရှိတယ်!!

2.7K 314 0
                                    

အပိုင်း ( ၁၁၄ ) - သူ့မှာ သမီးတစ်ယောက် တကယ်ရှိတယ်!!

Justin Screenကိုသာ အေးစက်စွာ စိုက်ကြည့်နေသည်။ 

တကယ့်ကိုပဲ သူတို့ရဲ့ မျက်လုံးထဲမှာ သူတို့၂ယောက်ကို Toolတွေလို့ မြင်နေတာလား။  အဲဒါအပြင် သူတို့က စီမံခန့်ခွဲတဲ့ ကုမ္ပဏီတစ်ခုကို တိုင်ချက်တောင် တောင်းနေခဲ့တာလား။ ဟား ဒါက
တကယ့်ကို ဟာသကြီး တစ်ခုပဲ။

သူတို့က  အင်တာနက်ပေါ်က နုံအတဲ့ကလေးတွေချည်းပဲ။  သူတို့အားလုံးက အရေးမပါတဲ့ အထောက်အထားတွေဖြစ်ပြီး တခြားသူတွေပြောသမျှကို အလွယ်တကူ ယုံကြည်တာကြောင့် သူတို့က သူတို့ဘာသာ ကောက်ချက်ချ သွားခဲ့ကြသည်။ ဒါ့ကြောင့် သူတို့ရဲ့ မှတ်ချက်တွေက အရမ်းကိုပဲ ပရမ်းပတာ ဖြစ်နေသည်။ 

သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် သူ့ဘက်က တစ်ခုခု ပြောဖို့ လုပ်နေတုန်းမှာ Sweetcherryရဲ့ ပြောဆိုသံလေးကို ကြားလိုက်ရသည်။   “ Sponsor အဘိုးက ကိရိယာတစ်ခု မဟုတ်ပါဘူး ရူးမိုက်တာတွေ မပြောပါနဲ့။  မဟုတ်ရင် ငါစိတ်ဆိုးလိုက်မှာ!"

Justin "?"

သူမက Sponsor Grandpa ဘက်ကသာ ပြောခဲ့ပြီး Sponsor Daddyအတွက်ကိုတော့ မပြောပေးခဲ့ပါ။

Justin သူက ငယ်ငယ်လေးကတည်းက ခံနိုင်ရည်အား ရှိတယ်လို့ အမြဲထင်ခဲ့တယ်။ သူကြီးလာခဲ့တာတောင် တခြားသူတွေရဲ့ ရှေ့မှာ ‌ဒေါသမထွက်ခဲ့ပါဘူး။ ထို့အပြင် ဒီနှစ်တစ်လျှောက်လုံး သူ့ကို ‌စိတ်တို ဒေါသထွက်အောင် လုပ်ခဲ့သူက Peteက လွဲပြီး တခြား ဘယ်သူမှ မရှိခဲ့ပါ။ ဒါပေမယ့် ဒီအချိန်မှာတော့ သူတကယ်ကို အနည်းငယ် နာကျင်ခံစားလိုက်ရတယ်။ အဲဒီ တိုက်ရိုက်လွှင့်တဲ့ ကလေးမလေးက အတော်လွန်လွန်းတယ်။

ဒီကလေးမလေးက သူ့အကြောင်း ကိုအမြဲတွေးနေတယ်လို့ ထင်ကာ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖို့ ရံဖန်ရံခါ ၀င်ကြည့်တတ်သည်။ ဒါကလဲ သူ့ဘ၀မီာ ဒီလိုမျိုး ဖြစ်တာ ပထမဆုံး အချိန်ပင် ဖြစ်သည်။…

Justin တိုက်ရိုက်ထုတ်လွှင့်မှုကနေ ထွက်ဖို့ ဆုံးဖြတ်ချက်ချလိုက်တုန်းမှာပဲ တစ်စုံတစ်ယောက်က ၀င်မေးလိုက်သည်ကို သူတွေ့လိုက်ရသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now