အပိုင်း ( ၁၂၃ ) - ကြင်နာတတ်တဲ့ အဖေ နဲ့ နာခံမှုရှိတဲ့ သမီး

2.7K 342 8
                                    


Nora သူ့ဆီ ဖုန်းဆက်ပြီးနောက် သူ့ကိုသူတောင် နားမလည်နိုင်သလို ဖြစ်နေရတယ်။ ဒီနေ့တော့ အဲ့ဒီလူ သူ့ကို ဘယ်လိုပြန်တုံ့ပြန်မလဲ ဆိုတာကို သူမ စဉ်းစားနေတုန်း သူ့ဘက်ကနေ သူမကို စာတစ်စောင်ပြန်ပို့လာတယ်။

‘ ဒီအကြောင်းကို ဖုန်းထဲမှာအစား အပြင်မှာ မျက်နှာချင်းဆိုင် ပြောရအောင် ‘

Nora သူမကိုယ်တိုင်လဲ စဉ်းစားကြည့်ရင်း အပြင်မှာတွေ့ပြီး ပြောတာကို ပိုအဆင်ပြေမယ်လို့ သူမလဲ ထင်တာကြောင့် သူ့စကားကို သဘောတူလိုက်တော့သည်။

‘  ကောင်းပြီလေ ဘယ်အချိန် ဘယ်နေရာမှာ တွေ့ကြမှာလဲ ‘

Justinက သူမဘက်က ပြန်လည် စာပို့လာသည်နှင့်
‘ မင်း ဘယ်အချိန် အားလဲ ‘

Nora ဘက်ကလဲ သူ့ကို
‘ ကျွန်မ ဘက်က ဘယ်အချိန်မဆို အဆင်ပြေပါတယ် ‘

‘ ဒါဆို မနက်ဖြန် မနက် ဘက်ဆိုရင်ကော ဘယ်လိုလဲ ‘

‘ မရဘူး ကျွန်မ အိပ်ရမှာ ‘

‘ အင်း ဒါဆို နေ့လည် ဆိုရင်ကော ‘

‘ အဲဒါလဲ မရဘူး စားရဦးမယ် ‘

‘ကျွန်တော်တို့အတူ နေလည်စာ စားလို့ရတယ်လေ ‘

‘ မရဘူး ကျွန်မအတွက်တော့ ‘

ဟုတ်တယ်လေ သူက စားတိုင်း ပန်းကန်သေးသေးလေးတွေနဲ့ ထည့်ထားပြီး အများကြီးဆိုတော့ စားရတာ အချိန်ကုန်တယ်လေ ဒါ့ကြောင့် သူမဘက်က သူနဲ့အတူ မစားတာ ဖြစ်သည်။

ပြီးတော့ သူမအတွက် စားဖို့ကိုပဲ အချိန်မဖြုန်းချင်ဘူးလေ။စားလို့ မြန်မြန် ပြီးရင် သူမအတွက် အိပ်ဖို့ အချိန်ရတယ်လေ။ သူမအတွက်တော့ အစားကို ၂နာရီကြာအောင် စားတာထက် ၂မိနစ်နဲ့ အပြီးစားတာကို ပိုသဘောကျတယ်လေ။ အဲ့တော့ ကျန်တဲ့အချိန်ကို သူမ အိပ်နေလို့ ရတယ်။

Justin က သူမရဲ့ ပြန်စာကြောင့် သူထပ်ပြီး မေးလိုက်ပြန်တယ်။

‘ ဒါဆို မင်းဘယ်အချိန် အားတာလဲ ‘

‘ ဘယ်ချိန်ဖြစ်ဖြစ် အဆင်ပြေတယ် ကျွန်မက’

Justin တစ်ယောက် သူမရဲ့ အဖြေကြောင့် ဘာပြန်ပြောလို့ ပြောရမှန်း မသိဖြစ်သွားရသည်။ Nora လဲ သူမရဲ့ အဖြေကြောင့် သူ့ဘက်က ကြောင်သွားသည်ကို သိတာမို့ သူတို့ပို့ထားတဲ့ စာတွေကို ပြန်ဆွဲကြည့်လိုက်ပြီး ခဏလောက်တော့ သူမ ရီမောမိသွားတော့သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now