တိုကျရိုကျ ဆကျခံသူ

3.2K 438 7
                                    

အပိုင်း ( ၆၇ )- တိုက်ရိုက်ဆက်ခံသူ

"ဒါက ဒေါက်တာ Zabeပဲ" ဟု ပြန်ဖြေစဉ် Jon ၏ အမူအရာမှာ မပြောင်းလဲပေ။

တစ်ချိန်တည်းမှာပဲ Joel က သူ့လက်အောက်ငယ်သားတွေကို ခေါ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

သို့သော် Jonက သူ့ကို ချက်ချင်း တားလိုက်သည်။  သူက ဆက်ပြောလိုက်သည်။

“သူက အသက် ကြီးနေပြီ၊ ပြီးတော့ စိတ်က ကယောင်ကတန်းနဲ့ အိပ်ရာထဲလဲနေသေးတယ်။  ဒါပေမယ့် သူ့အရည်အချင်းတွေအားလုံးကို အမွေဆက်ခံတဲ့ ကျောင်းသားတစ်ယောက်ကို ခေါ်လိုက်ထားတယ်လို့တော့ ကြားတယ်။  ကံမကောင်းစွာပဲ အဲ့လူက အလွန်လျှို့ဝှက်ဆန်းကြယ်တယ်။  သူတို့ဘယ်မှာရှိတယ်ဆိုတာ ဘယ်သူမှမသိဘူး။”

Joel မျက်မှောင်ကြုတ်လိုက်သည်။  ကုတင်ပေါ်တွင် လဲလျောင်းနေသော Ian ဆီကို သူ့အကြည့်များ ရောက်သွားသည် ။

Jonက စကားပြန်မပြောခင် ခဏလောက် တွေးကြည့်လိုက်သေးတယ်။ 

"ကျွန်တော် Mr. Smith ကို အသက်ရှင်အောင်တော့ ထိန်းထားနိုင်တယ်၊ ဒါပေမယ့် မင်း သူ့ကို အသက်ရှင်ဖို့ သူ့ဆန္ဒဖြစ်လာအောင် ပြန်လုပ်ပေးရမယ်။ ဒါမှမဟုတ် ဒေါက်တာ Zabe ရဲ့ ကျောင်းသားကို ရှာရလိမ့်မယ်။"

Joel က ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ မျက်လုံးများတွင် စူးရှသော အကြည့်အနည်းငယ် ပေါ်လာသည်။

“ကောင်းပါပြီ ကျေးဇူးပြုပြီး ငါ့ဦးလေး သတိပြန်ဝင်အောင် ကူညီပါ Mr. Myers”

“ကောင်းပြီ။”

Jon သည် ငွေရောင် အပ်တစ်ချောင်းကို ထုတ်ယူပြီး Ian ၏ အရေးကြီးသော နေရာကို  စိုက်လိုက်သည်။  ထို့နောက် ဆေးပြားတစ်ပြားကို ထုတ်၍ ကြေမွကာ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

အလုပ်အနည်းငယ်ပြီးသောအခါ Ian ၏နှလုံးခုန်သံသည် တည်ငြိမ်လာပြန်သည်။

Jon က မျက်ခုံးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး Joel ကို “မစ္စတာ  Smith က မနက်ဖြန် နိုးလာပါလိမ့်မယ်။  ငါ Tina ကို နေ့တိုင်း သူ့ကိုယ် လာစစ်ခိုင်းပြီး ဒေါက်တာ Zabe ရဲ့ ဆက်ခံသူကို ရှာမတွေ့မချင်း သူ့ကို အသက်ရှင်နေအောင် အစွမ်းကုန် ကြိုးစားပေးထားပါ့မယ်။"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now