အန်ကယ်က ဖေဖေ မဖြစ်ချင်ဘူးလား။

2.2K 280 2
                                    

အပိုင်း ( ၁၀၉ )- အန်ကယ်က ဖေဖေ မဖြစ်ချင်ဘူးလား။

Cherryက “ငါမင်းအဖေမဟုတ်ဘူး”ဆိုတဲ့ စကားလုံးကို မြင်သောအခါ သူမပါးစပ်ကို  ဖုံးကွယ်ကာ တခစ်ခစ်နဲ့ ရယ်နေသော်လည်း မကြာမီ သူမ မရယ်နိုင်တော့ပေ။

သူမသည် အသံမှ စာသားပြောင်းသည့်စနစ်ကို အသုံးပြုပြီး "အန်ကယ်က  သမီးရဲ့ အဖေ မဖြစ်ချင်ဘူးလား?"

ဒါပေမယ့် မက်ဆေ့ခ်ျပို့ဖို့ ကြိုးစားလိုက်တဲ့အခါ သူ့ရှေ့မှာ < ! >အမှတ်အသားကြီးတစ်ခုကို တွေ့လိုက်ရတယ်။

တစ်ချိန်တည်းမှာပင်၊ "ဒီလူက Messengerတွင် မရှိတော့ပါ။"

ထိတ်လန့်တုန်လှုပ်နေသော Cherry၏ မျက်လုံးဝိုင်းဝိုင်းကြီးသည် ပြူးကျယ်သွားရသည်။

ရေချိုးပြီးခါစ ဖြစ်တဲ့ Noraဘက်သို့ လှည့်လိုက်သည်။  ထိုအမျိုးသမီးငယ်လေးသည် ဖုန်းကို ချထားပြီး မျက်လုံးမှိတ်ကာ ကုတင်ပေါ်တွင် ငြိမ်သက်စွာ အနားယူနေပါသည်။  သူမ အိပ်ခါနီးမှာ Cherryက စိုးရိမ်တကြီးနဲ့ အတင်းတွန်းကာ မေးလိုက်တယ်။  “မေမေ၊ ဒီဟာကို ထောက်ကြည့်ပေးလို့ရမလား  ဖေဖေက သမီး စာတွေကို ဘာလို့ မရတော့တာလဲ။"

Nora ပျင်းရိစွာ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ထို့နောက်  ဖုန်းကို ကြည့်လိုက်ပြီးနောက် သူမသည် ပျော်မြူးစွာ နဲ့ ပြန်ပြောသည် "အိုး၊ သူက မင်းကို Blockထားတာပဲ"

Cherry, "??"

သူမရဲ့ လူမှုအသိုင်းဝိုင်းမှာ လူတိုင်းရဲ့ အချစ်ဆုံးသူတစ်ယောက်ဖြစ်တဲ့ Cherry က သူမဘဝရဲ့ ငါးနှစ်တာကာလအတွင်း ဒီလိုမတရားတာတွေကို တစ်ခါမှ မခံစားဖူးဘူးလို့ ပြောလို့ရတယ်။

သူမက နှုတ်ခမ်းစူပြီး ဝမ်းနည်းစွာမေးတယ် "သူက သမီးကို ဘာလို့အဲလိုလုပ်တာလဲ။  သမီးက အရမ်းချစ်စရာကောင်းတဲ့ဟာကို!"

Nora က သမ်းဝေပြီး ပြန်ဖြေလိုက်တယ်။  “ဒါကတော့ နင်က သူ့ကို Daddy လို့ ခေါ်လိုက်တာကိုး”

“…”

Cherryက ပိုလို့တောင် ငိုချင်သလိုခံစားရပြီး ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now