အပိုင်း ( ၁၅၅ ) - သူသည် သူ့သမီး၏ကျွန်ဖြစ်တယ်

4K 325 38
                                        


အဲဒီနေ့က သူမ တက္ကသိုလ်သွားနေတော့ Pete ကို သူငယ်တန်းကျောင်းကနေ မကြိုဖြစ်ခဲ့ပါဘူး။  Melissa ကသာ သူ့ကို သွားကြိုပေးခဲ့တာ။

Melissa က စိတ်ရှုပ်စွာနဲ့ အခန်းထဲဝင်သွားတယ်။  အခန်းအပြင်ဘက်သို့ လှမ်းကြည့်ပြီးနောက် Noraထံသို့ လာကာ သူမ၏ဝတ်စုံကို သပ်သပ်ရပ်ရပ်လုပ်ပြီး  ထိုင်ချလိုက်သည်။  ထို့နောက် သူမသည် အလျင်စလို ပြောလိုက်သည်။

“Nora၊ အန်တီ မင်းကို ပြောစရာရှိတယ်”

"… အဲ့ဒါဘာများလဲ?"

Melissa က မျက်မှောင်ကြုတ်ကာ မေးသည် "Cherryရဲ့ အပြုအမူက မကြာသေးခင်က နည်းနည်းထူးဆန်းနေတာကို တွေ့မိလား"

Nora "?"

Melissa က သက်ပြင်းချလိုက်ပြီး “Cherryက အရင်က အရမ်းသွက်လက်ပြီး ချိုသာတဲ့ စကားပြောတတ်သူပါ။  သူက တစ်နေ့လုံး အန်တီနဲ့ ကစားရတာ ကြိုက်တယ်။  ဒါပေမဲ့ ခုနောက်ပိုင်း သူမက ပိုပြီး တိတ်ဆိတ်လာတယ် အန်တီ သူ့ကို ကျောင်းကနေ ခေါ်လာပြီး အခုလေးတင် ဘာလုပ်ချင်လဲလို့ မေးတော့ သူက ဥယျာဉ်ခြံမြေ လုပ်ချင်တာ အဖွားနဲ့ စစ်တုရင် ကစားချင်တယ်လို့ ပြောတယ်။ အခုလဲ ပန်းခြံထဲမှာ တစ်နာရီခွဲလောက်ရှိပြီ!"

Nora “…”

Melissa က ရိုးသားပြီး စိတ်ထက်သန်စွာပြောခဲ့သည် " မင်းက မင်းရဲ့ သမီးကို ကောင်းကောင်းဆက်ဆံတာ အန်တီလဲသိပါတယ်။   ဒါပေမယ့် မင်းအချိန်ရရင် မင်းကလေးနဲ့ အချိန်ပိုပေးစေချင်တယ်။  မဟုတ်ရင် စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ အလွယ်တကူ ဖြစ်ပေါ်လာလိမ့်မယ်”

Nora၏ နှုတ်ခမ်းထောင့်များသည် အဒေါ်ထံမှ ကြင်နာသောသတိပေးမှုကို ကြားလိုက်တော့  အနည်းငယ် တုန်ခါစေပြီး ပြန်ဖြေသည်။

“… ကောင်းပါပြီ”

Melissa သက်ပြင်းတစ်ချက်ချလိုက်သည်။  သူမ မတ်တပ်ထရပ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။  သူမထွက်ခါနီးမှာ Nora က ရုတ်တရက်မေးလိုက်တယ် "ဒါဆို Logan က အားလုံးအဆင်ပြေရဲ့လား"

ကောင်လေး၏စကားများက သူမကို သံသယဝင်စေခဲ့သည်။

အခက်​အခဲ​လေး​တွေ ကြုံ​တွေ့​ခဲ့တာများလား။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now