Nora မျက်မှောင်ကြုတ်လိုက်သည်။ သူမ မဖြေခင်မှာ နူးညံ့ပေမယ့် စိုးရိမ်တဲ့ အသံတစ်ခုက သူတို့ဆီ ရောက်လာတယ်။ "နင် ငါ့ကို သင်္ချိုင်းဆီ တွန်းပို့ဖို့ ကြိုးစားနေတာလား Henry"
ဆေးရုံကုတင်ပေါ်တွင် နူးညံ့သိမ်မွေ့ကာ ဆေးရုံဂါဝန်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် ကုတင်ပေါ်မှ ဆင်းရန် ပြင်နေသည်။ သူမ၏ဆံပင်အားလုံးကို ရိတ်ထားရပြီး သူမ၏ရောဂါကြောင့် ကြောက်စရာကောင်းလောက်အောင် ပိန်လှီနေပုံရသည်။ သူမ၏ ပါးပြင်များ ကျသွားသော်လည်း သူမ၏ နူးညံ့သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးကိုတော့ မဖုံးကွယ်ထားနိုင်ပေ။
သူမသည် အဒေါ်ဖြစ်သူ Irene Smith ဖြစ်သည်။
Nora သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ကုတင်စွန်းတွင် ၀င်ထိုင်လိုက်သည်။ သူမလက်ကို ကိုင်ကာ “အန်တီ Irene” ဟု နှုတ်ဆက်သည်။
Irene က Noraကို ခဏလောက် ငုံ့ကြည့်လိုက်တယ်။ ထို့နောက် သူမ၏ မျက်လုံးများ နီရဲလာသည်။ "မင်းက ပိန်သွားတော့ မင်းအမေနဲ့ တော်တော်တူတာပဲ Nora"
သူမစကားသံများက တဆတ်ဆတ်တုန်နေသည်။ "ဒီနှစ်တွေအကုန်လုံး မင်းအပြင်မှာ တစ်ယောက်ထဲ အခက်အခဲ ကြုံခဲ့ရတာပဲ။"
သူမ နိုင်ငံခြားမှာ နေထိုင်တဲ့ ငါးနှစ်တာ ကာလအတွင်း Henry က သူမကို တစ်ပြားတစ်ချပ်မှ မပေးခဲ့ပါဘူး။ သူ့အဒေါ်က သူ့အစား စားဝတ်နေရေးစရိတ်အဖြစ် ပိုက်ဆံနည်းနည်းလောက် ပို့ပေးတယ်။
အများကြီးမဟုတ်ပေမယ့် ဒါဟာ သူမရဲ့ ကြင်နာမှုကို ပြသတဲ့ နည်းလမ်းတစ်ခုပါပဲ။
Nora၏ နှလုံးသားသည် နွေးထွေးသွားသည်။
ထိုအချိန်တွင် မိထွေးဖြစ်သူ Wendy က "Nora၊ နင့် အဒေါ်က နင် ငယ်ငယ်လေးကတည်းက ချစ်ပေးခဲ့တာ ဟုတ်တယ်ဟုတ်။ အခု သူမ နေမကောင်း ဖြစ်နေပြီ၊ နင်က သူ့ကို ကုသပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ ။ နင် သူမသေတာကို နင် မမြင်ချင်ဘူးမလား"
Noraမျက်မှောင်ကြုတ်လိုက်သည်။
ဦးနှောက်အကျိတ်…
ВЫ ЧИТАЕТЕ
စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )
Любовные романыသူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး နောက်မှာတော့ သူမရဲ့ လှပလာတဲ့ ပုံကို မြင်လိုက်ရတဲ့ အခါမှာတော့ ... Crd original author & Eng trans author 🙏🙏 This story isn't mine , just t...
