တစ်ယောက်ယောက်က ငါ့သမီးအကြောင်းကို စုံစမ်းနေတယ်

3.1K 416 2
                                    

အပိုင်း ( ၆၅ )- တစ်ယောက်ယောက်က ငါ့သမီး အကြောင်းကို စုံစမ်းနေတယ်

Justin က Nora ကို စေ့စေ့ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။

အေးစက်ပြီး ခံစားချက်မဲ့တဲ့ အမူအရာမျိုး သူ့မှာ ရှိလေ့မရှိပါဘူး။  အံဝင်ခွင်ကျဖြစ်အောင် စိတ်ကြိုက်လုပ်ထားသော ဝတ်စုံကို ၀တ်ဆင်ထားသော သူ့ရဲ့ အရပ်ရှည်ရှည်ခန္ဓာကိုယ်သည် စမတ်ကျပြီး ပြီးပြည့်စုံစေသည်။

သူ့ရဲ့ မျက်လုံးအတွင်းရှိ ကြည်လင်သော အရောင်သည် အခု အနည်းငယ် မှိန်နေသည်။  သူက တစ်ခုခုကို စောင့်မျှော်နေပုံရပေမယ့် အဲဒါကိုလည်း စိုးရွံ့နေတယ်။

Pete သာ ရှိနေရင် အမြဲတမ်း နိုင်ထက်စီးနင်း ပြုမူတတ်တဲ့ ထိုအာဏာရှင်ကြီးသည် အခုချိန်မှာ အနည်းကယ် စိုးရိမ်ကြောင့်ကြနေပုံရသည်။ 

သူ့ရှေ့က အမျိုးသမီးလေးရဲ့ မျက်လုံးများသည် ကြီးမားပြီး တောက်ပြောင်နေကာ သူ့ကို စိုက်ကြည့်နေသည်မှာ ခါတိုင်းလို ပျင်းရိနေခြင်း မရှိပေ။

သူမရဲ့ အသွင်အပြင်က သူ့နှလုံးသားကို ရုတ်တရတ် ခုန်သွားစေပါတယ်။  ခဏလောက်တော့ သူတောင်းဆိုသမျှကို သူသဘောတူမယ်လို့ ထင်ယောင်ထင်မှားဖြစ်နေသည်အထိပင်။  အဲဒါက ဘာပဲဖြစ်ဖြစ်ပါလေ။

သူမက  နှုတ်ခမ်းလေးတွေ လှုပ်လာပြီး စကားလေးတစ်ခွန်းကို  ပြောလာသည်။

"ရှင့်ကို လိုချင်တယ်…"

Justin သည် သူ့ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။  သူ့နှုတ်ခမ်းထောင့်တွေက မသိစိတ်ကနေ အပေါ်ကို ကွေးညွှတ်သွားပြီး သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေတောင် နေသာတဲ့နေ့လို တဖြေးဖြေး လင်းလာသလိုပဲ။

ထို့နောက် သူမ၏ဝါကျ၏ ဒုတိယတစ်ဝက်ကို သူကြားလိုက်ရသည်။

“…-ရဲ့သား”

Justin အံ့ဩသွားရုံမက သူမရဲ့ စကားက  သူ့ကို ထိတ်လန့်သွားစေသည်။

တကယ့်ကိုမှ အရင်က အမျိုးသမီးတွေကို စိတ်မ၀င်စားတတ်တဲ့ သူသည် သူမစကားကြောင့် ပြောင်းလဲသွားတဲ့ အမူအရာကိုတောင် မထိန်းနိုင်ပဲ အနည်းငယ်တင်းမာနေတဲ့ အသံနဲ့ ပြန်မေးသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now