အကိုက ငါနဲ့ အရမ်းတူတယ်

4.5K 602 28
                                    

Pete သူ့အမေပြောစကားကြောင့်  ရှက်သွားရသည်။

"ဟင့်အင်း မလိုပါဘူး  ရပါတယ် မေမေ။"

Nora က တိုးတိုးလေး ရယ်လိုက်ပြီး "ချယ်ရီက အခု မိန်းမငယ်လေး တစ်ယောက် ဖြစ်လာပြီပေါ့" လို့ သူ့သမီးကို ကြည့်ကာ ပြောလိုက်သည်။

Noraလဲ  သူ့လက်ကို လွှတ်လိုက်ပြီးနောက် Peteသည် အပြင်ကို  အလျင်အမြန် ထွက်ပြေးသွားတော့သည်။

အိပ်ခန်းတံခါးအပြင်ဘက်တွင် ရပ်ကာ အတွင်းပိုင်းလှုပ်ရှားမှုများကို သူ နားထောင်နေသည်။  ရေချိုးတဲ့အသံ၊ ရေချိုးပြီးရင် ဖိနပ်တစ်ရံစီးပြီး လျှောက်လာတဲ့ သူ့မေမေရဲ့အသံကို ဂရုတစိုက် နားထောင်နေသည်။

မေမေ အ၀တ်ဝတ်ထားကြောင်း အတည်ပြုပြီးနောက် တံခါးကိုဖွင့်ကာ ကြည့်လိုက်‌တော့ သူ့အမေကုတင်ပေါ်မှာ အိပ်ဖို့ ပြင်‌နေသည်ကို တွေ့လိုက်ရသည်။  မျက်လုံးတွေကို မှိတ်ထားရင်းနဲ့ပဲ “Cherry မေမေက နောက်နှစ်ရက်အတွင်း အရမ်းအရေးကြီးတဲ့ ခွဲစိတ်မှုတစ်ခု လုပ်စရာရှိတယ် အဲဒါ  မေမေ နောက်ရက်အနည်းငယ်လောက် အိပ်ရေးဝဝ အိပ်ဖို့ လိုတယ်၊ အဲတော့ မေမေ အရင်အိပ်တော့မယ်‌နော်
ဟုတ်ပြီလား "

“ဟုတ်ကဲ့ မေမေ။”

သူ့အမေက ကျန်းမာရေးမကောင်းလို့ကော သူ့ဝါသနာကကောပါ အိပ်တာလို့ သူ့ညီမက သူ့ကိုပြောဖူးတယ်။  သူမသည် အများအားဖြင့် အိပ်ပျော်နေသည် သို့မဟုတ် ပြဿနာများဖြေရှင်းရန် အိပ်ပျော်နေတတ်သည်တဲ့လေ။

ထို့ကြောင့် သူ မေမေ့ကို မနှောင့်ယှက်ချင်ပါ။

နောက်နှစ်မိနစ်အကြာတွင် ကုတင်ရှိရာ သူ့အမေဆီမှ  တည်ငြိမ်သော အသက်ရှုသံများ ကြားရသောအခါ Pete သည် သူ့အမေကို လက်ညှိုးလေးနဲ့ အသာထိုးကြည့်လိုက်သည်။  ‌အိပ်ပျော်သွားတာ သေချာပြီဆိုမှ ကလေးငယ်သည်  ကုတင်ပေါ်တက်သွားသည်။   ထို့နောက် နိုရာ၏လက်များကြားတွင် နေရာလွတ်တစ်ခုကို တွေ့လိုက်တော့  ထိုနေရာထဲသို့ တိုးဝင်ကာ ကွေးနေလိုက်သည်။ သူ့အမေ မသိခင်အချိန်မှာ  အမေဖြစ်သူရဲ့ နှလုံးခုန်သံကို နားထောင်ရင်း သူလဲ အိပ်ပျော်သွားခဲ့တယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now