အခန်းအတူတူမျှဝေခြင်း

4.1K 549 15
                                    

Zawgyi

သူမတွေးသလိုပဲ ဒါပေမဲ့ Wayne က "ချစ်ခြင်းမေတ္တာနဲ့ ပေါင်းသင်းခြင်း" လို့ ပြန်ဖြေခဲ့ပါသည်။

Noraသည် စကားမပြောနိုင်ဘဲ ဖြစ်ခဲ့သည်။

Wayneက  ဆက်ပြောသည်။  “သူ ငါတို့ကို စောစောစီးစီးထားခဲ့ပေမယ့် မင်းအတွက် လမ်းခင်းပေးထားခဲ့တယ်။  သူမအနားမှာမရှိတော့ပေမယ့် သူ့နှလုံးသားက မင်းနဲ့အတူအမြဲရှိနေခဲ့တယ်။"

“…”

Wayne blabberရဲ့  မိခင်၏ချစ်ခြင်းမေတ္တာအကြောင်း တစ်နာရီကျော်ကြာ အဆက်မပြတ် နားထောင်ပြီးနောက်၊ ထမင်းစားပြီးသော Nora သည် မထိန်းနိုင်ဘဲ သမ်းဝေသွားခဲ့သည်။

အဲ့ဒီအချိန်မှာပဲ Wayne က သူပြောတာ အရမ်းကြာနေပြီဆိုတာ သိလိုက်ရသည်။  သူက “နင်က အရွယ်ရောက်နေပြီ၊ Nora  ဘယ်အချိန်မှာ ကုမ္ပဏီကို ဦးစီးဖို့ စီစဉ်ထားလဲ။"

သူသည်သာ ကုမ္ပဏီနှင့်စပ်လျဉ်းသည့် အရာများကို ပြုစုပျိုးထောင်ခဲ့သော်လည်း ကုမ္ပဏီမှာ Noraအပိုင် ဖြစ်သည်။  အဲတော့ သူ့ကို ပြန်ပေးရမည် ဖြစ်သည်။

Nora က "ရှင်က ကောင်းကောင်း ဂရုစိုက်နေတာပဲ  ဆက်လုပ်လိုက်ပါ"

ကုမ္ပဏီငယ်တစ်ခုတွင် သာမာန်ဌာနအနည်းငယ်ပဲရှိသည် မဟုတ်ပါ။  ပိုင်ရှင်တစ်ယောက်အနေနဲ့ အရာရာတိုင်းကို အခြေခံအားဖြင့် လုပ်ရမည်ဖြသ်သည်။  ဒါမဲ့ သူမ အိပ်ဖို့အတွက် အချိန်မလောက်နိုင်တော့ပဲ ဖြစ်မည်။

Wayneက စိတ်ရှုပ်သွားတော့သည်။ Nora က "Graysမိသားစု က ကုမ္ပဏီကို ဝယ်ဖို့ စိတ်ဝင်စားနေတာလား"

Grays စိတ်ဝင်စားခဲ့သည့်အရာသည် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှု အလားအလာဆိုတာသာ အမှန်တကယ်ဖြစ်ပါက၊ Anthony ၏ အိမ်ထောင်ရေးသာယာမှုကို အလျှော့အတင်းချစ်ပ်တစ်ခုအဖြစ် အသုံးပြုရန် မလိုအပ်ပေ။  သူတို့က ကုမ္ပဏီကို မြင့်တဲ့ဈေးနဲ့ ဝယ်လို့ရသည်လေ။  သူတို့မှာ ပိုက်ဆံမရှိတာမှ မဟုတ်တာ။

သို့သော် Wayne က ခေါင်းယမ်းပြလာသည်။  "မဟုတ်ဘူး၊ သူတို့ စိတ်မ၀င်စားပါဘူး"

Nora မျက်မှောင်ကြုတ်လိုက်သည်။  သို့သော် သူမလဲ  နားမလည်နိုင်သောကြောင့် သူမသည် အဲဒါကို ဆက်မတွေးတော့ဟု ဆုံးဖြတ်လိုက်သည်။  "မေမေက ရှင် ကျွန်မကို လွှဲပေးဖို့ ညွှန်ကြားထားတဲ့ တစ်ခုခုကို ရှင်တွေးမိရင် ကျွန်မဆီ ဖုန်းဆက်လိုက်ပါ။"

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now