အပိုင်း ( ၁၂၂ ) - သူက အရင်ထဲက အရာအားလုံးကို မြင်တွေ့ခဲ့ရပြီးပြီ

2.8K 350 2
                                    


သူ့ရဲ့ လက်ထောက်ဖြစ်တဲ့  Lawrence က အစီရင်ခံစာကို သူ့ဆီ ပေးပြီး လျှောက်တင်လိုက်တယ်။

“အဲဒီတုန်းက မစ္စ Smith ကိုယ်ဝန်ရှိလာခဲ့တဲ့ အချိန်က Smithမိသားစုဘက်က အဲ့ကိုယ်ဝန်နဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်း မသိသလို အဲ့ကိုယ်ဝန်ကလဲ ဘယ်သူနဲ့ ရမှန်းလဲ မသိခဲ့ကြဘူး။ ဒါပေမဲ့ သူတို့က သူမပြောတာကို လုံးဝ မယုံကြည်ခဲ့ကြတဲ့အပြင် သူမရဲ့ အကျင့်ပျက်စရိုက်ကို လူမသိအောင် ဖုံးကွယ်ဖို့ အကြောင်းပြချက်ပေးတယ်လို့ပဲ သူတို့က ထင်ခဲ့ကြတာပါ ”

သူမရဲ့ ဘယ်သူနဲ့ ရမှန်းမသိတဲ့  ကိုယ်ဝန်...

Justin သူမ တစ်ချိန်က Peteကို ဘယ်လိုရခဲ့တာလဲလို့ မေးခဲ့တဲ့အချိန်ကို ပြန်တွေးမိလိုက်တယ်။ သူကလဲ သူ့သားက ဘယ်လိုရလဲဆိုတာ မသိကြောင်း ပြောပြီး သူမကို ယုံလားလို့ မေးခဲ့သည်။  သူမကလဲ သူလဲ ဒီကိစ္စကို မသိကြောင်း ပြောတာကို နားလည်တယ်လို့ ပြောခဲ့ဖူးတယ်။

သူက သူပြောသမျှကို ယုံတာက သူ့ကို အရမ်းချစ်လို့ပဲလို့ ထင်ခဲ့တာ။  အမှန်တရားက ဒီလိုဖြစ်လာမယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ဘူး။

Justin တွေးနေတာကို ရပ်လိုက်ပြီး သူ့အကြည့်တွေကို လျှော့ချလိုက်ပြီး..

" တခြား ဘာရှိသေးလဲ?"

Lawrenceလဲ ခေါင်းယမ်းပြလိုက်သည်။

Justin က "သူမ  ဘယ်လိုမျိုး အမြွှာလေးတွေကို မွေးလာတာလဲ စုံစမ်း"

Lawrence အံ့သြသွားတယ်။  "အမွှာ?"

သူ့မျက်ခုံးများ တွန့်သွားပြီး ပြန်ဖြေလိုက်တယ်

“အဲဒါနဲ့ ပတ်သက်ပြီးတော့  ကျွန်တော်တို့ ဘာမှ မတွေ့ခဲ့ရပါဘူး။ အဲဒါအပြင်၊ မစ္စ Smithက လွန်ခဲ့တဲ့ ၅နှစ်တာလုံး နိုင်ငံခြားမှာ နေခဲ့တယ်ဆိုတဲ့ အချက်အလက် တစ်ခုတလေတောင် မတွေ့ခဲ့ရပါဘူး။ "

Justin က လက်ပြလိုက်ရင်း  "စုံစမ်းမှုဆက်လုပ်ပါ"

"ဟုတ်ကဲ့ဆရာ။"

Lawrence ထွက်သွားပြီးနောက် Justinက စားပွဲပေါ်တွင် ထိုင်နေသည်။ သူ ဘေးအခန်းက Cherryလေးရဲ့ ရယ်မောသံကို နားထောင်ကာ သူမရဲ့ မှတ်တမ်းတွေကို ဖတ်ရင်း သူမျက်လုံးတွေက တဖြည်းဖြည်း နက်နဲလာတော့သည်။ 

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now