ကျွန်မတို့ နေရာတစ်ခုရှိနေပြီ။

2.6K 390 0
                                    

အပိုင်း ( ၇၀ )- ကျွန်မတို့ နေရာတစ်ခုရှိနေပြီ။

Chester သည် Justin နဲ့ ကြီးပြင်းလာတဲ့အတွက် သူ့အစ်ကိုကြီးကို သူ့အဖေလို မျိုး ကြောက်ရွံ့ရိုသေမှုတွေ အမြဲရှိနေခဲ့ပါတယ်။

ထို့ကြောင့် Justin ထံမှ အမှန်တရားကို ဖုံးကွယ်ခြင်းအတွက် အလွန် အပြစ်ရှိသလို ခံစားခဲ့ရသည်။

Justin က မမေးရင် ဘာမှပြန်ပြောမှာ မဟုတ်ပါဘူး။  ဒါ​ပေမဲ့ အခု သူ့မှာ ရှိ​နေ​တော့ သူ မလိမ်​ရဘူး!

ထို့ကြောင့် သူက “အဲဒါ မင်းရဲ့ သမီးပဲ…” လို့ ခပ်တိုးတိုးပြောလိုက်တယ်။

သူ့သမီး?  ကောင်းပြီ၊ streamer ငယ်လေးက သူ့ကို Daddy လို့ နှစ်နာရီကြာအောင် ခေါ်ခဲ့ပေမယ့် သူက တကယ်ပဲ သူမရဲ့  Sponsor Daddy ပါ။

ထိုအချိန်တွင် ငြိမ်သက်သော အသံတစ်ခုကို ကြားလိုက်သည်။  "‌အဖေ ဘာလို့ live stream အကြောင်းကို ပြောနေတာလဲ"

Pete က သူ့နောက်ကျောကို မတ်ကာ ထိုင်လိုက်သည်။  သူ့အသံမှာ ကလေးဆန်သော အရည်အသွေးရှိနေဆဲဖြစ်သော်လည်း တည်ငြိမ်ပြီး အေးစက်သောခံစားချက်ကို ပေးစွမ်းနိုင်သည်။

Chester က "ဒီဂိမ်းမှာ ကျွန်တော့်ရဲ့အဖွဲ့ခေါင်းဆောင်က တိုက်ရိုက်ထုတ်လွှင့်မှုကို လက်ခံပြီး လုပ်ပေးတာ..."

Justin က အေးစက်စွာ ပြောလိုက်သည်။ 

“မင်းတကယ်ပဲ ငါးနှစ် ခြောက်နှစ်အရွယ် မိန်းကလေးကို မင်းရဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်တာလား။  မင်းအတွက် ဘယ်လောက် ကတိပေးခဲ့လဲ။"

Pete "..."

ဂိမ်းတွင် အန်ကယ်Chester၏ အဖွဲ့ခေါင်းဆောင်မှာ Cherryဖြစ်သည်။

သူသည် သူ့အမူအရာကို ငြိမ်သက်စေလိုက်ပြီး မျက်နှာ တည်တည်ဖြင့် ပြောလိုက်လေသည်။  “အန်ကယ်Chester၊ အလှည့်စားခံရတာဖြစ်မယ်။  အခုခေတ်မှာ လူတော်တော်များများက အသံပြောင်းစက်ကို သုံးကြနေပြီလေ။”

Chester "?"

သို့သော်လည်း Justin က "သူမက အသံပြောင်းစက်ကို သုံးနေပုံမရဘူး" လို့ ပြောလိုက်တယ်။

ဒါ​ပေမယ့် သူ ဒါတွေ ဆက်မပြောတော့ပဲ  အဲဒီအစား Chesterကို တစ်ချက်ကြည့်လိုက်ပြီး “မင်းတစ်သက်လုံး ဂိမ်းဆော့ဖို့ ရည်ရွယ်ထားသလား” လို့ စိတ်အားထက်သန်စွာ မေးလိုက်တယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now