ငါက တစ်ယောက်ထဲ အဖွဲ့လိုက်မဟုတ်ဘူး

4.6K 630 4
                                    

Angela သည် Anthony က သူမကို  ဖြတ်သွားပြီး  Noraရဲ့  ရှေ့တွင် ရပ်သွားသည်ကို  မြင်လိုက်ရသည်။

သူက သူမရှေ့မှာ ရပ်ပြီး ငုံ့ကာ နှင်းဆီပန်းများကို ယဉ်ကျေးသိမ်မွေ့စွာ ပေးသည်။  " Miss Anderson မင်းနဲ့ သူငယ်ချင်းဖြစ်ရတာကို  ဂုဏ်ယူလို့ရမလား"

“…”

သူမသည် သူမရှေ့က  မြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေစဉ် Angelaရဲ့ မျက်လုံးများသည်လဲ  အံ့အားသင့်ကာ ပြူးကျယ်နေသည်။

ဘားရှိ မီးအလင်းရောင်သည် အနည်းငယ်မှိန်သွားသောကြောင့် သူမကို အိပ်မက်မက်နေသလိုတောင် ခံစားလာရသည်။ Anthony က ဘာကြောင့် ဒီဖက်တီးမဆီကို  သွားရတာလဲ။

Noraသည် ယခုကဲ့သို့ ကြီးမားသောလှည့်ကွက်ကို မမျှော်လင့်ခဲ့ပေ။  သူမသည် Anthonyနှင့် နှစ်ကြိမ်သာ တွေ့ဆုံဖူးသော်လည်း ရည်းစားအဖြစ်ကို ဆွဲဆောင်ရန် သူ့ရဲ့ ချစ်သူအား စွန့်ပစ်ထားခဲ့သည်လား။

သို့သော် Angela ကိုတော့ အံ့အားသင့်ပြီး ဒေါသအမျက်ထွက်နေသည်ကို မြင်လိုက်ရသောအခါတွင်၊ ၎င်းသည် သူမအား ရက်စက်ကြမ်းကြုတ်သောအသွင်အပြင်ဖြစ်စေသည့်အတိုင်းအတာအထိဖြစ်နေသော —သူမ၏ဒေါသသည် ယခုမှစ၍ အနည်းငယ်ငြိမ်သက်သွားခဲ့သည်။  သူမ၏ နှုတ်ခမ်းထောင့်များသည် လွန်စွာ စိတ်ဝင်တစားဖြင့် အပေါ်ဘက်သို့ တွန့်ကွေးသွားကာ ရက်စက်သော အပြုံးတစ်ခု ဖြစ်လာသည်။

ပွင့်နေသော နေကြာပန်းကလေးများ ကဲ့သို့ တောက်ပပြီး ပြိုးပြိုးပြက်ပြက် ဖြစ်နေသော သူမ၏ အပြုံးသည် Anthonyရဲ့ မျက်လုံးများကို တောက်ပစေခဲ့သည်။

သူ တစ်ခုခုပြောတော့မည်ဖြစ်သော်လည်း Angelaက သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။    သူမက "Anthony!"

သူမအသံကိုကြားလိုက်ရမှပဲ Anthony က သူ့ဘေးမှာ ရပ်နေတဲ့ Angela ကို သတိထားမိလိုက်တယ်။  သူက မျက်မှောင်ကြုတ်ကာ “မင်းဘာလို့ဒီကိုရောက်နေတာလဲ။"

အခန်းက ‌အနည်းငယ် မှောင်နေတာကြောင့် Anthony သည် အခြားသူတစ်ဦးကို အထင်လွဲမှားမိခြင်းဖြစ်နိုင်သည်ဟု Angela က စိတ်ကူးယဉ်နေသေးသော်လည်း သူ့မေးခွန်းက သူမ၏နောက်ဆုံးမျှော်လင့်ချက်အငွေ့အသက်များသည် ကွဲအက်သွားခဲ့သည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now