ဒါက တကယ်ကို Peteပဲ

2.1K 285 1
                                    

အပိုင်း ( ၁၁၂ )- ဒါက တကယ်ကို Peteပဲ

သူက Cherryရဲ့ Facebook accountကို နှိပ်လိုက်ပြီး သူ့ကို သူငယ်ချင်းဖြစ်ဖို့ တောင်းဆို‌မှုတစ်ခုကို လုပ်လိုက်သည်။ 

သို့သော် သူ့ဘက်က အဲလို လုပ်လိုက်တော့ ပေါ်လာသည်က "စိတ်မကောင်းပါဘူး ဒီအကြောင်းအရာကို အခု လုပ်လို့ မရနိုင်ပါ။"

Justin "?"

ဒီလို နို့စို့အရွယ် ကလေးကလည်း သူ့ကို Blockထားတယ်လို့ ဆိုလိုတာလား။  Tsk၊ သူမ တော်တော်စိတ်ဆိုးနေတာ ဖြစ်ရမယ်။

"Cherry စိတ်ဆိုးနေတာဖြစ်မယ်။"

သူ့နား‌ အနီးအနားလောက်ကနေ ကလေးအသံလေး တစ်ခုကို ကြားလိုက်ရတော့ သူလန့်သွားခဲ့တယ်။ သူလှည့်ကြည့်လိုက်တော့ Peteက အနောက်ကဆိုဖာပေါ်မှာ ရပ်ပြီး သူ့ဖုန်းကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

Justin က ချောင်းအသာ ဟန့်လိုက်ပြီး ဖုန်းကို ဘေးမှာ ချထားလိုက်တယ်။ 

“ဒါဆို သူစိတ်ဆိုးရင်လဲ ဆိုးပစေပေါ့။  သူလုပ်ချင်တာကို လုပ်ပလေ့စေ။”

Pete သည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည်။  ထို့နောက် သက်ပြင်းချလိုက်ပြီး “ဖေဖေ၊ သူ့ကို ချော့ဖို့ကို အကြံပေးချင်ပါတယ်။  မဟုတ်ရင် ဖေဖေ နောင်တရလိမ့်မယ်။"

သူက နောင်တရမယ်တဲ့လား။

Justin က “ဘာလို့နောင်တရရမှာလဲ?  တခြားသူရဲ့သမီးကို ဘာလို့ချော့ရမှာလဲ"

Pete က "သေချာလား"

“သေချာတယ်။”

Peteက သူ့ရဲ့ အကြံပြုချက်ကို ငြင်းလိုက်တဲ့ သူ့အဖေကို ကြည့်ကာ စိတ်ထဲကနေသာ တိတ်တိတ်လေး ဆုတောင်းပေးလိုက်သည်။

ရိုးရိုးသားသားပြောရရင် သူကလဲ ဖခင်ကောင်းတစ်ယောက်ပါ။ တကယ်တော့ ကမ္ဘာပေါ်မှာ သားသမီးတွေကို ပြုစုစောင့်ရှောက်နိုင်တဲ့ ဖခင်ဘယ်နှစ်ယောက်များ ရှိလို့လဲ။

Cherryက သူ့ကို အရမ်းသဘောကျတယ်။  သို့သော် သူ့အဖေက သူ့ညီ‌မလေးလို ချစ်စဖွယ်ကောင်းပြီး နူးညံ့တဲ့ ကလေးမလေးကို စိတ်ဆိုးအောင် လုပ်ခဲ့သည်။  သူ့အဖေက တကယ်ပဲ ကိုယ့်သေတွင်း ကိုယ်တူးနေသလိုပဲ။ 

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now