အပိုင်း (၁၂၄) - Carefree Pillsရဲ့ ပိုင်ဆိုင်မှုအခွင့်အရေးများ

2.6K 310 0
                                    


ဒေါက်တာလင်ကွန်းက တစ်စုံတစ်ခုကို သတိပြုမိသွားမည်ကို ကြောက်ရွံ့နေတာကြောင့် Tinaအလွန် ထိတ်လန့်နေခဲ့တယ်။ အချိန်တော်ကြာ သေချာကြည့်ပြီးနောက် ဒေါက်တာလင်ကွန်းက ပြုံးကာ ပြောလိုက်တယ်။

"Jon သေချာလုပ်ထားတဲ့ ဒီဆေးက တကယ်အံ့သြစရာကောင်းတာပဲ။  ဘယ်လိုလုပ်တာလဲ ဆိုတာတောင် ကျွန်တော် မပြောနိုင်ဘူး။”

Tina "??"

အရင်အချိန်က ဆေးဘက်ဆိုင်ရာ ဆွေးနွေးပွဲမှာ Carefree Pill ကို အသိအမှတ်ပြုခဲ့တဲ့သူက  ဒေါက်တာလင်ကွန်းဖြစ်တယ်ဆိုတာကို သူမ ရှင်းရှင်းလင်းလင်း သတိထားမိလိုက်သည်။ ဒါပေမဲ့ အခု သူက ဘယ်လိုလုပ် သတိမထားမိရတာလဲ။ 

သို့သော် သူမလဲ အဲ့လောက်ထိ စဉ်းစားဖို့ အချိန်မရတာကြောင့် သူမက အသာပြုံးပြီး သူမ ဆရာအကြောင်းကို ပြန်ဖြေလိုက်တယ်။

"ဟုတ်တယ်၊ ကျွန်မ ဆရာ အခုလုပ်ထားတဲ့ ဒီဆေးပြားက ထုတ်လုပ်တဲ့နေရာမှာ က တော်တော်လေး  ဒုက္ခရောက်နေရတယ်။ အဲ့တော့ ဒီဆေးကို ဘယ်လိုထုတ်လုပ်ထားတယ်ဆိုတာ ရှင် နားမလည်တာ ဖြစ်နိုင်လောက်ပါတယ်။"

ဒေါက်တာလင်ကွန်းကလဲ သူမ စကားကို နားထောင်ပြီး ခေါင်းညိတ်ကာ ဘာမှဆက် မပြောတော့ဘူး။ ထို့နောက် ဆေးပြားကို သူမထံ ပြန်ပေးလိုက်သည်။

ထိုတော့မှပဲ Tina သက်ပြင်းတစ်ချက်ချလိုက်မိသည်။  သူမဆီက ဆေးပြားကို ယူလိုက်ပြီး Ianကို သောက်ခိုင်းခြင်းက သူ့ရဲ့  သက်တမ်းကို တစ်ဖန်ပြန်လည် သက်တမ်းတိုးစေခဲ့သည်။

စစ်ဆေးနေကျအတိုင်း ပုံမှန်စစ်ဆေးပြီးနောက် သူမထွက်လာတော့ Joelကို သူမတံခါးအပြင်ဘက်တွင် တွေ့လိုက်ရသည်။  ဒါကပဲ သူမကို စိတ်လှုပ်ရှားစေတယ်။  Smithsမိသားစုရဲ့ ခေါင်းဆောင်က အခုလို သူမကို လေးလေးနက်နက် ဆက်ဆံနေတာကပဲ ဂုဏ်ယူစေမိတယ်။

Smithsမိသားစုတို့က ကြီးမားတဲ့ အိမ်တော်ကြီးမှာ နေထိုင်ကြတယ်။  Joel က သူမကို ဧည့်ခန်းက တံခါးဝမှာတွေ့တော့ ပြောလိုက်တယ်

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now