အပိုင်း ( ၁၇၄ )

442 58 0
                                    

အပိုင်း ( ၁၇၄ ) - Narcissismက မျိုးရိုးလိုက်လား။

Justin ရဲ့ အကြည့်တွေက ရုတ်တရက် ပူလောင်သွားတယ်။

ချက်ချင်းဆိုသလိုပဲ ချစ်သူတွေကြားက မျဉ်းကြောင်းတစ်ကြောင်းကို သူတွေးမိလိုက်တယ်

'မင်းဆီက တစ်ခုခု ချေးလို့ရမလား'

' ဘာလို့?'

'ဒါမှ ငါ မင်းကို တစ်သက်လုံး အကြွေးဆပ်နိုင်မှာ‌ပေါ့'

ဒါဖြစ်နိုင်မလား… အဲဒီအမျိုးသမီးလည်း ဒီလိုအရာမျိုး ဖြစ်မလား။

Cherry က စကားကို ကောင်းကောင်း အရမ်းပြောတတ်တဲ့ ကလေးဖြစ်သည် သူမလဲပဲ...

စိတ်ကူးထဲမှာ မျောနေရင်း Justin က သူ့နှုတ်ခမ်းထောင့်တွေကို အနည်းငယ် ပြုံးပြလိုက်တယ်။  “ဘာချေးချင်လို့လဲ”

"ဆံပင်နှစ်ချောင်း။"

Justin "???"

Noraကို အနည်းငယ် စိတ်ရှုပ်ထွေးစွာ ကြည့်နေသော်လည်း သူမကို လေးလေးနက်နက် ကြည့်နေတာကို တွေ့လိုက်ရသည်။  

  "Mm အမှတ်တရအနေနဲ့ပါ။"

Justin "!"

သူ့ရှေ့က အမျိုးသမီးကို စိုက်ကြည့်နေမိတယ်။  ရုတ်တရက် သူသည် အနည်းငယ်ခေါင်းငုံ့ပေးလိုက်သည်။

“ကောင်းပြီ။ နှုတ်လေ ရတယ်၊"

ထိုအမျိုးသား၏ လုပ်ရပ်သည် ရုတ်တရက်ဆိုသလိုပဲ ခေါင်းငုံ့ပေးကာ သူမအနားသို့ ချဉ်းကပ်လာသောအခါ Nora ရင်ဘတ်တွေကို လှုပ်ခါသွားစေသည်။

ထို့နောက် သူမသည် ထိုယောက်ျား၏ ဆံပင်ကို တစ်ချက် ကြည့်လိုက်သည်။

သူ့ရဲ့ ခေါင်းလျှော်ရည်က vanilla ရနံ့ဖြစ်ပြီး အနံ့လေးက အရမ်းလန်းဆန်းစေပါတယ်။  အဆီနံ့လည်း မထွက်ဘူး။  သူကဲ့သို့ပင် ဒီအမျိုးသား၏ဆံပင်ပုံစံသည် ထူးခြားသည်၊ အနက်ရောင်နှင့် မာကျောသည်။

Nora  သူ့လက်ကို ဆန့်ထုတ်ပြီး အရမ်းမနာသွားအောင် ဆံပင်၂ပင်ကို သေချာ ထောက်ပြီး နှုတ်လိုက်သည်။

သူ့ဆံပင် နှုတ်ပြီး‌သွားတော့  သူ့ခေါင်းအရေပြားကို အနည်းငယ် ပွတ်ပေးလိုက်သည်။  ထိုလူ၏ဦးခေါင်းက ငုံ့ထားတာကြောင့်  သူ့ရဲ့ လည်ပင်းအနည်းငယ်ကွေးနေပြီး အာဒံပန်းသီးသည် ထူးထူးခြားခြား သိသာနေသည်။ ခဏနေတော့   သူက  အနည်းငယ် မော့ကြည့်လိုက်သည်— သူ့မျက်လုံးများတွင် လေးနက်‌ နက်မှောင်သော အကြည့်အပြင် ယခုအချိန်တွင် သူ၏ နာခံမှုနှင့် သိမ်မွေ့သော အသွင်အပြင်သည် ခွေးကလေးတစ်ကောင်လို ဖြစ်နေသည်… ပိုင်ရှင်ကို မွေးစားရန် စောင့်ဆိုင်းနေသကဲ့သို့ပင်…   သူမ၏ စိတ်ကူးစိတ်သန်းထဲမှာ အနည်းငယ် ပျော်မွေ့နေသည်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now