Dateလုပျကွစို့ Mommy,Daddy!!

4.6K 565 21
                                    

Justin သည် သူ့ရင်ခွင်ထဲက ကလေးငယ်ကို စိုက်ကြည့်နေသည်။  သူမ၏ ညည်းညူသံသည် နားထဲသို့ တိုးဝင်လာသည်။  သူသည် သူ့အမေကို လှမ်းအော်ခေါ်နေပုံရတယ်... သူ့မျက်လုံးထဲက အလင်းရောင်တွေ မှိန်မှိန်လေးဖြတ်သန်းသွားခဲ့သည်။

Pete က သူ့အမေအကြောင်း မေးခဲသည်။
ဒါပေမယ့် သူ့သားအတွက်ကတော့ သူ့အမေက အရမ်းအရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပုံ ရပါသည်။

သူ့ရဲ့ ရှုပ်ထွေးနေသော စိတ်ခံစားချက်များကို ဖုံးကွယ်ကာ ကလေးကို ထပ်ငုံ့ကြည့်လိုက်သည်။  ထို့နောက် သူသည် ချယ်ရီကို အိပ်ခန်းထဲသို့ သယ်ဆောင်ကာ ဖိနပ်ကို ချွတ်ပြီး သူမကို အိပ်ယာပေါ်တင်ပြီး စောင်ခြုံပေးလိုက်သည်။

သူ အိပ်ခန်းထဲကနေ တိတ်တဆိတ် မထွက်ခင် သူ့သားငယ်ရဲ့ အိပ်ပျော်နေတဲ့ မျက်နှာကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပါသည်။

နောက်တစ်နေ့တွင်

"တောင်းပန်ပါတယ် မနေ့ညက အကို အိပ်ပျော်သွားတာ   ဖေဖေ မင်းကို မနေ့က ကြိမ်းမောင်းနေသေးလား Cherry"

Cherryက ကုတင်ပေါ် ပြန်လှဲပြီး အစ်ကို့ကို အသံ မက်ဆေ့ခ်ျ ပို့လိုက်တယ်။

"မဟုတ်ဘူး၊ ညီမက သင်္ချာအကြောင်းအများကြီးမသိပေမယ့် သမိုင်းမှာ အရမ်းတော်တယ်လေ။  အဲဒါကို ဖေဖေက အရမ်းစိတ်လှုပ်ရှားသွားလို့ အိမ်စာတွေကိုတောင်  ဖျက်ပလိုက်တယ်လေ။”

(အရမ်းတော်တဲ့ ကိုယ်တွေCherryလေး😅😅)

Pete က သူ့ညီမကို ယုံလိုက်သည်။ ထို့နောက် သူက “ကောင်းပြီ။  ဒီနေ့ ငါတို့ရဲ့ အစီအစဉ်တွေကိုလဲ မမေ့နဲ့ဦး။"

Cherryက သူ့အစ်ကိုကို စကားပြန်ပြောဖို့ လုပ်တုန်း အခန်းတံခါးပွင့်လာခဲ့သည်။

Justin က တံခါးကို တွန်းဖွင့်လိုက်တော့ လေထဲမှာ ဖုန်းကို မြှောက်ထားကာ စာတိုတွေပေးပို့ရင်း တန်းလန်း ဖြစ်နေတဲ့ သူ့သားကို ကုတင်ပေါ်မှာ ပတ်လတ်အနေအထားနဲ့ တွေ့လိုက်ရပါတယ်။

သူ့ကိုမြင်တော့ သားဖြစ်သူက ထိတ်လန့်တကြားနဲ့ ဖုန်းစခရင်ကို ချက်ချင်း ပိတ်လိုက်တယ်။  ထို့နောက် အပြစ်ကင်းမရှိသော ‌မျက်နှာလေးဖြင့် သူ့ရဲ့  ချစ်စဖွယ် မျက်လုံးလေးများနဲ့ ကြည့်ကာ
“ဒီနေ့  ဖေဖေ မနေ့ကထက် ပိုချောတယ်!”

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now