❤️ အပိုင်း 1 ❤️

26K 562 12
                                    

❤️ Love & Fortune ❤️

အပိုင်း 1

အကျင့်ဖြစ်နေပြီဖြစ်သော မျက်၀န်းများက မနက် 7 နာရီဆိုတာနဲ့ အလိုလို ပွင့်ဟလာခဲ့ရသည်။

မြင်နေရသည့် မျက်၀န်းအကြည့်ကို ပိုးရုံ မျက်နှာကျက်ဖြူဖြူမှ ဘေးကို ရွှေ့လိုက်တော့ ချောမောခန့်ညားလွန်းသည့် ပုံရိပ်တစ်ခုက သူမနံဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။

မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှအထိပါ ထိုးဖောက်ခြယ်လှယ်နေသော စီးပွားရေးအင်အားစုကြီးတစ်ခုဖြစ်သည့်
Y Corporation ရဲ့ ဥက္ကဌ ဟာ ညက သူမနဲ့ အခေါက်ပေါင်းများစွာ ချစ်ပွဲ၀င်ခဲ့ပြီး သူမအား သူ့ရဲ့ အချစ်ကွန်ရက်ထဲမှ ရုန်းမထွက်နိုင်အောင် အကြိမ်ကြိမ်ပြုစားခဲ့သည်။

ထို့နောက်မှာတော့ အခု ဒီလိုမျိုး သူမဘေးမှာ အပြစ်ကင်းစွာဖြင့် အိပ်မောကျနေခဲ့၏။

အာရှတိုက်ရဲ့ ထိပ်တန်းအဆင့်မှာရှိနေတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသည့် ထိုအမျိုးသားဟာ ယောကျာ်းတန်မဲ့ ဖြူသော အသားအရည်၊ နီမြန်းနေသော နှုတ်ခမ်းတစ်စုံနှင့် အကြည့်မခွာချင်လောက်အောင် ဆွဲဆောင်မှုအားကောင်းလွန်းလှသည်။ ထို့အပြင် ထူထဲသော မျက်ခုံးတန်းတို့နှင့် ဖြောင့်စင်းနေသော မျက်တောင်ရှည်တို့ကလဲ ထိုအမျိုးသားရဲ့ မျက်နှာမှာ လိုက်ဖက်ညီလွန်းစွာဖြင့် ပနံသင့်နေ၏။

မင်းသားရှုံးအောင်ကြည့်ကောင်းနေသော သူရဲ့ မျက်နှာပေါ်တွင် ပြစ်ချက်ဆို၍ တစ်စုံတရာမှ ရှာမတွေ့ချေ။

ကျစ်.... ဒီလူကို ကြည့်မိတိုင်းမှာ ယောကျာ်းလေးဖြစ်ပြီး အဲ့လောက်ထိ ချောစရာလိုလို့လားဟု ပိုးရုံစိတ်ထဲ အမြဲတွေးဖြစ်သည်။

သူက ဘေးမှာ အိပ်ပျော်နေတာမို့ မနိုးသွားအောင် ပိုးရုံ အသာလေး အိပ်ရာမှ ထလိုက်ပြီး ရေချိုးခန်းထဲသို့ တစ်ခါထဲတန်း၀င်လိုက်သည်။

ရေချိုးခန်းထဲရောက်တော့ အထဲမှာ ကပ်ထားသည့် မှန်ထဲတွင်ပေါ်နေသော
သူမ လည်တိုင်နှင့် ရင်ညွန့်တစ်၀ိုက်ရှိ ခရမ်းသွေးရောင်ပြေးနေသည့် အမှတ်အသားများကို ကြည့်ပြီး ပိုးရုံ သက်ပြင်းတစ်ချက်ရှိုက်လိုက်မိ၏။

❤️ Love & Fortune ❤️Where stories live. Discover now