❤️ အပိုင်း 8 ❤️

14K 462 4
                                    

❤️ Love & Fortune ❤️

အပိုင်း 8

တနင်္ဂနွေနေ့ ယောနိုင်ငံ နဲ့ ညပိုးရုံတို့ရဲ့ မနက်ခင်းအချိန်ခါ ~ 🤍💛

သားက သူမ ဆင်ပေးထားသည့်ကလေး၀တ် Polo Shirt အဖြူလေးရယ်၊ ဒူးအတိ ဘောင်းဘီအဖြူလေးရယ်နှင့် တစ်ကိုယ်လုံး ဖြူဖွေးစွတ်နေကာ နှင်းခဲလုံးလေးလို နှစ်လိုဖွယ်ကောင်းနေ၏။

ပိုးရုံ သားကို ကြည့်ရင်း ကျေနပ်စွာပြုံးလိုက်မိကာ သားခုတင်ပေါ်တင်ထားသည့် Headband လေးကိုပါ လှမ်းယူလိုက်သည်။

ကလေးတစ်ယောက်ကို အခုလိုမျိုး စိတ်လိုလက်ရ ပြင်ဆင်ပေးရတာ အဲ့လောက်ထိ ပျော်စရာကောင်းမှန်း ပိုးရုံမသိခဲ့ပေ။

နောက်ဆို သားနဲ့ အတူတူ Shopping ပါ ထွက်ဦးမည်ဟု ပိုးရုံစိတ်ထဲ တွေးလိုက်မိသည်။

"အဲ့ဒီ Headband က ဘာလုပ်မို့လဲ မာမီ... "

"သားကို ပတ်ပေးမို့လေ "

"ရပါတယ် မာမီရဲ့ .... သားအဲ့ဒီ headband ကြီးတော့ ခေါင်းမှာ မပတ်ချင်တော့ဘူး....."

"ဘာလို့လဲ သားကလဲ .... ဒါလေးနဲ့ဆို သားက အရမ်းချစ်ဖို့ကောင်းနေမှာ ..... ပတ်ကြည့်ပါလား ....မာမီပတ်ပေးမယ် "

ပိုးရုံ သားရဲ့ ခေါင်းမှာ အဖြူရောင် Tennis headband လေး ပတ်ပေးလိုက်တော့ သားက တကယ်ပဲ ချစ်ဖို့ကောင်းလွန်း၏။

"ကဲ မှန်ထဲကြည့်လိုက်ပါဦးရှင် ဘယ်လောက်ချစ်ဖို့ကောင်းလဲ .... သားက ဒီ headband လေးနဲ့ အရမ်းလိုက်မှာလို့ မာမီ ပြောသားပဲ "

သားက မှန်ထဲမှ သူ့ပုံရိပ်လေးကို တစ်ချက်ကြည့်ပြီးနောက် သူမအားကြည်သာစွာပြုံးပြလာသည်။

"ကျေးဇူးအများကြီးတင်ပါတယ် မာမီ "

"အဟွန်း မာမီကို ကျေးဇူးတင်စရာမလိုပါဘူး သားရဲ့ .... သားက ဒီတစ်ပတ် သားဒယ်ဒီနဲ့ အပြင်ထွက်တော့ နောက်တစ်ပတ်ကို မာမီနဲ့ shopping ထွက်ကြမယ်နော်.... အခုကြည့်ကြည့်တော့မှ သားကို မာမီ၀ယ်ပေးစရာတွေ အများကြီးရှိတယ်...."

"သားမှာ အားလုံးပြည့်စုံနေပါတယ် မာမီရဲ့
....မာမီက ဘာတွေထပ်၀ယ်ပေးမလို့လဲဟင် "

❤️ Love & Fortune ❤️Waar verhalen tot leven komen. Ontdek het nu