🚨 အပိုင်း 56 🚨

15.7K 382 9
                                    

🚨 Love & Fortune 🚨

အပိုင်း 56

❗️🚨 Warning 🚨❗️

3 နှစ်ခန့်ကြာသော် ~

"ယောရယ် ခရီးရောက်မဆိုက်ကို ပင်ပန်းနေမှာပေါ့လို့ ... ဒီညတော့ အိပ်ရေး၀အောင် အိပ်လိုက်ပြီး နောက်ရက်ကျမှ အတူတူနေကြမယ်လေနော် ...."

"အိပ်ရေးက၀နေပြီ ညလေးရဲ့ .... ပြင်သစ်ကနေ ဒီကို လေယာဥ်အကြာကြီး စီးလာရတယ်ဆိုပေမယ့် လေယာဥ်က First Class ကနေ စီးလာတာ....ပြီးတော့ ခရီးစဥ်တစ်လျှောက်လုံးလဲ ကိုယ်က သက်သောင့်သက်သာနဲ့ အိပ်ပြီးလိုက်လာခဲ့တာ..... အဲ့တာကြောင့် နည်းနည်းလေးမှတောင် မပင်ပန်းဘူး .... ကိုယ့်မှာ energy တွေ အပြည့်ပဲ ...."

ခုတင်ခေါင်းရင်းကို ခေါင်းအုံးဆင့်မှီကာ ထိုင်နေပြီး သူမကို လက်ယပ်ခေါ်နေတဲ့
ယောကျာ်းအား ပိုးရုံ မျက်လုံးတွေမှေးစင်းပြီး ကြည့်လိုက်မိသည်။

ယောနိုင်ငံဆိုသည့်လူဟာ အဲ့ဒီကိစ္စမှာတော့ တော်တော်လေး ဇွဲကြီးနိုင်လွန်းသည်။

ပြင်သစ်ကို အလုပ်ကိစ္စနဲ့ ၁ပတ်လောက် ခရီးထွက်သွားပြီး ဒီနေ့ညမှ ပြန်ရောက်လာတာကို ဒီနေ့ညချက်ချင်းပဲ အတူနေဖို့ သူမအား တောင်းဆိုနေသည်။

ညအိပ်ရာ၀င်ခါနီး ကြိုးတစ်ချောင်း ဖဲသားဂါ၀န်အဖြူလေးနဲ့ အလှကြီးလှနေသော ညလေးကိုကြည့်ပြီး ယော ရင်ခုန်စွာပြုံးလိုက်မိသည်။

စွဲမက်စရာကောင်းလွန်းတဲ့ ညလေးရဲ့အထိအတွေ့လေးတွေနဲ့ သူ့မှာ တစ်ပတ်ကြီးများတောင် ခွဲခဲ့ရတာ ....

ညလေးနဲ့ အတူမအိပ်ရတဲ့ ဒီတစ်ပတ်တာ ကာလကျော်လွန်ဖို့ကို သူဘယ်လောက်ထိ စိတ်ရှည်သည်းခံခဲ့ရလဲဆိုတာ သူ့ကိုယ်သူပဲ သိ၏။

ထို့ကြောင့် အိမ်ကိုရောက်ရောက်ချင်းပဲ အတူတူနေရန် ညလေးအား တောင်းဆိုမိသည်။

ညလေးက စူပုတ်ပုတ်မျက်နှာလေးနှင့် ခုတင်ပေါ် တက်လာလျှင် သူ့ပေါင်ပေါ်မှာ လာထိုင်ရန် ယော ပေါင်ကိုပုတ်ပြလိုက်သည်။

"ဘာလို့ အဲ့မျက်နှာလေးက စူပုတ်နေတာလဲကွာ....  ကိုယ်နဲ့ အတူမနေချင်လို့လား..."

❤️ Love & Fortune ❤️Where stories live. Discover now