❤️ အပိုင်း 2 ❤️

15.2K 501 6
                                    

❤️ Love & Fortune ❤️

အပိုင်း 2

အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ ၀ယ်လာခဲ့တဲ့ US Dollar 10 သိန်းတန် ထိုပန်းချီကားလေးကို သူနဲ့ ညပိုးရုံရဲ့ အိပ်ခန်းထဲမှာ ချိတ်ထားဖို့ ယော ဆုံးဖြတ်လိုက်သည်။

အခန်းထဲ ဘယ်နေရာမှာ ချိတ်ရင်ကောင်းမလဲ တွေးနေတုန်းမှာပဲ ရေချိုးပြီးဟန်ရှိသော သူမက ပန်းနုရောင် bathrobe လေး တစ်ထည်၀တ်ပြီး ထွက်လာ၏။

သူမကလဲ သူ့ကို မြင်လိုက်ရတာကြောင့် အံ့သြသွားဟန်ရှိသည်။

"ရှင် ဒီနေ့စောသားပဲ"

"အင်း "

သူမ ၀တ်ထားသည်မှာ short bathrobe အမျိုးအစားဖြစ်တာကြောင့် ၀င်းမွတ်နေတဲ့ သူမရဲ့ စင်းလုံးချော ပေါင်တံရှည်တွေကို မြင်ပြီး ယောရဲ့ ခန္ဓာကိုယ်တွင်းမှ အပူရှိန်တွေ မြင့်တက်လာခဲ့ရ၏။

"ရှင်ဘာလုပ်မလို့လဲ .... "

သူမက ယောအား ထပ်ပြီးမေးခွန်းထုတ်လာသည့်အခါ သူမပေါင်တံတွေဆီရောက်နေသည့် သူ့အကြည့်ကို သူမမျက်နှာထံသို့ ရွှေ့လိုက်ပြီး လက်ထဲမှ ပန်းချီကားကို မြှောက်ပြလိုက်သည်။

"လေလံအောင်လာတဲ့ ပန်းချီကားကို ချိတ်ဖို့ နေရာလိုက်ရှာနေတာ....."

"လေလံအောင်လာတဲ့ပန်းချီကား ဟုတ်လား? "

ပန်းချီကားဆိုတာနဲ့ သူမမျက်၀န်းထဲ စိတ်၀င်စားသည့်အခိုးအငွေ့တွေ ယှက်သမ်းသွားသည်ကို မြင်လိုက်ရတာမို့ ယော စိတ်ထဲ ကျေနပ်သွားရသည်။

"ဘယ်လိုပန်းချီကားကို လေလံအောင်လာတာလဲ .... ကျွန်မကြည့်လို့ရမလား "

"ကြည့်လေ "

ယော လက်ထဲမှ ပန်းချီကားကို ကမ်းပေးလိုက်လျှင် သူမက ဂရုတစိုက်နဲ့ လှမ်းယူပြီး ပန်းချီကိုသေချာကြည့်၏။

အဟွန်း .... သူမရဲ့ စိတ်၀င်တစားကြည့်နေတဲ့ပုံလေးကိုမြင်ပြီး ဒီပန်းချီကားကို သူ US $10 သိန်းပေးပြီး ၀ယ်ခဲ့ရကျိုးနပ်သွားပြီဟု ယောစိတ်ထဲတွေးလိုက်မိသည်။

သူလေလံအောင်လာခဲ့သည်ဆိုသော ပန်းချီကားကို မြင်လိုက်ရသည့်အခိုက်
ပိုးရုံရင်ထဲမှာ တခုခုကို နင့်နင့်နဲနဲခံစားလိုက်ရ၏။

❤️ Love & Fortune ❤️Where stories live. Discover now