❤️ အပိုင်း 60 ❤️

7.4K 325 7
                                    

❤️ Love & Fortune ❤️

အပိုင်း 60

"အဲ့ရော့ .... ဒယ်ဒီနဲ့ မာမီက ကြိုးကြိုးနဲ့ ကိုကို့ကို ထားခဲ့ပီး နှီရောက်ထဲ ခရီးတွားကြမို့ပေါ့ ဟုတ်ရား....."

သမီးလေးရဲ့ မူကြိုဆင်းချိန်ရောက်တော့ ယောနဲ့သူမ သမီးကို မူကြိုမှာ ၀င်ကြိုပြီး အိမ်မပြန်ဖြစ်သေးဘဲ သမီးအား Pizza လေး လိုက်၀ယ်ကျွေးမိသည်။

ထိုအချိန်မှာပဲ ယောက သူမတို့တစ်ရက်တာခရီးထွက်မယ့် အကြောင်းကို သမီးအား ပြောပြလိုက်သည်။

ပြောပြလိုက်တာနဲ့ တစ်ခါထဲ သမီးက မျက်၀န်းစူးစူးလေးတွေနဲ့ သူမတို့အား မော့ကြည့်ကာ လက်လေးပိုက်ပြီး မေးခွန်းတန်းထုတ်တော့သည်။

"တစ်ရက်ထဲလေ သမီးရဲ့ .... မာမီက တစ်နေ့တစ်နေ့ ဒယ်ဒီနဲ့ သမီးတို့ မောင်နှမရဲ့ ဝေယျာ၀စ္စတွေလုပ်ပေးနေရတာနဲ့ မအားလပ်နိုင်ဘဲ ပင်ပန်းနေခဲ့လို့လေ.....မာမီ အနားယူဖို့လိုအပ်တယ် မဟုတ်လား..... အဲ့တာကြောင့် ခရီးထွက်ပြီး အပန်းဖြေရမှာ....."

"အဲ့တာဆို မာမီ တီရောက်ထဲ လွှတ်ရိုက်ရေ .... ဒယ်ဒီက ဘာရို့ ရိုက်သွားမှာရဲ ...."

"မဟုတ်ဘူးလေ သမီးရဲ့ .... မာမီတစ်ယောက်ထဲကို ဒယ်ဒီက စိတ်မချဘူးလေ.... ပြီးတော့ ဒယ်ဒီတို့က လင်မယားလေ..... လင်မယားဆိုတာ ခွဲလို့မဖြစ်ဘူး...."

"အာ့ဆို ကြိုးကြိုးတို့ကရဲ မိသားစုရေးပဲရေ..... ဒယ်ဒီပဲပြောဖူးဒယ်ရေ..... မိသားစုဆိုတာရဲ တူတူရှိနေရမေသဲ့ .... အာ့ကြောင့် ကြိုးကြိုးနဲ့ ကိုကိုပါ ဒယ်ဒီတို့နဲ့ တူတူရိုက်ခဲ့မေရေ.....အဲ့လိုရ၀ူးရား "

သမီးလေးရဲ့ စကားကြွယ်လွန်းမှုမှာ ယော ဘာဆက်ပြောလို့ ပြောရမှန်းပင် မသိတော့ပေ။

ညလေးကတော့ သူတို့သားအဖကိုကြည့်ပြီး ကျိတ်ရယ်နေလေသည်။

နောက်တော့မှ ယော သားကိုသတိရသွားပြီး အကူအညီတောင်းရန် ကြံရွယ်လိုက်မိသည်။

"ဒါဆို ဒီလိုလုပ်..... ကြိုးကြိုးက ဒယ်ဒီတို့နဲ့ လိုက်ချင်တယ်ဆိုရင် ကိုကို့ကို ရအောင်ပြောကြည့်..... အကယ်၍ ကိုကိုက လိုက်မယ်ဆိုရင် ကြိုးကြိုးရယ်ကိုကိုရယ် နှစ်ယောက် ဒယ်ဒီတို့နဲ့ အတူတူလိုက်ခွင့်ရမယ်..... ကိုကိုက မလိုက်ဘူးဆိုရင်တော့ ကြိုးကြိုးလဲ အိမ်မှာ ကိုကိုနဲ့ နေခဲ့ရမယ်.....ဒယ်ဒီပြောတာ ဘယ်လိုလဲ .... "

❤️ Love & Fortune ❤️Where stories live. Discover now