❤️ အပိုင်း 85 ❤️

6.2K 337 6
                                    

❤️ Love & Fortune ❤️

အပိုင်း 85

"ဟင် ဒါဆို တီတီယွန်းမှီ ဗိုက်ထဲမှာ ဘေဘီရေး ရောက်နေပီပေါ့နော် မာမီ .... "

သမီးက ကိတ်မုန့်လေးတစ်ဇွန်းကို သူ့ပါးစပ်လေးထဲထည့်လိုက်ပြီးမှ သူမအား မေးလာတာကြောင့် ပိုးရုံ ခေါင်းငြိမ့်ပြလိုက်သည်။

"အွန်းဟုတ်တယ် သမီးရဲ့ ..... တီတီယွန်းမှီ ဗိုက်ထဲမှာ ဘေဘီလေးရောက်နေပြီ.... အဲ့တာ ကြိုးကြိုးက ဘေဘီလေးကို ချစ်ပေးမှာလား.... "

"ချစ်ပေးမှာပေါ့ မာမီကရဲ .... ကြိုးကြိုး....အင်း ကြိုးကြိုးက ဘေဘီရေးကို ဘာရုတ်ပေးရင်ကောင်းမရဲဆိုသာ စဥ်းစားရိုက်အူးမယ် မာမီ.... အွန်းးးး .... "

မေးစေ့လုံးလုံးလေးကို လက်ကလေးနဲ့ ပွတ်ကာ စဥ်းစားနေတဲ့ သမီးကို ပိုးရုံ ပြုံးပြီးကြည့်နေမိသည်။

အခုသူမတို့သားအမိက သားလေးသင်တန်းရှိတဲ့ ကွန်ဒိုအောက်ထပ်က cafe ဆိုင်လေးထဲမှာ ထိုင်နေတာဖြစ်၏။

ယောကတော့ သားလေးကို သွားကြိုသည်။

"ဘေဘီရေးကို ဘာရုတ်ပေးရမလဲဆိုသာ ကြိုးကြိုးသိသွားပီ မာမီ..... ကြိုးကြိုး အရုပ်လေးသွေ ဘေဘီရေးကို ပေးရိုက်မယ်ရေ.... ပီးသော့ ကြိုးကြိုးက ဘေဘီရေးနဲ့ရဲ့ ကူပီးဆော့ပေးမယ်....ကြိုးကြိုးနဲ့သာ ကစားရင် ဘေဘီရေးက အရမ်းပျော်သွားမှာ..... "

"အဟွန်း.... ဟုတ်တာပေါ့ မာမီ့ကြိုးကြိုးလေးနဲ့သာ ကစားရင် ဘေဘီလေးက အရမ်းပျော်သွားမှာနော်.... ကြိုးကြိုးက ဘေဘီလေးနဲ့ အတူတူကစားပေးမယ့်အကြောင်းကို တီတီယွန်းမှီဆီ ဖုန်းဆက်ပြီး ပြောပြချင်လား..... မာမီ ဖုန်းခေါ်ပေးမယ်လေ "

"အွန့် ပြောမယ်ရေ မာမီ "

သမီးက သူမအား ခေါင်းလေးငြိမ့်ပြပြီး ကိတ်မုန့်လေး နောက်တစ်ဇွန်းကို ထပ်ဖဲ့စားသည်။ ပြီးတော့ အအေးကလဲ သောက်လိုက်သေးသည်။

"ဖုန်းခေါ်နေပြီ သမီး .... တီတီယွန်းမှီနဲ့ ပြောလိုက်နော်..."

ပိုးရုံ သမီးကို ဖုန်းလေး လှမ်းပေးလိုက်လျှင် သမီးက သူမဖုန်းကို ယူပြီး နားလေးမှာ ကပ်လိုက်သည်။

❤️ Love & Fortune ❤️Where stories live. Discover now