❤️ အပိုင်း 65 ❤️

7K 339 7
                                    

❤️ Love & Fortune ❤️

အပိုင်း 65

အသံလေးတွေ တစ်စတစ်စဖြင့် ဆူညံ့နေသည့် ခြိမ်းတို့ရဲ့ အတန်းလေးက ဆရာမ၀င်လာတာနဲ့ ချက်ချင်းဆိုသလိုငြိမ်ကျသွားသည်။

တီချယ်၀င်လာပြီဆိုတော့မှ ခြိမ်း ဖတ်လက်စစာအုပ်ကို ပိတ်လိုက်ပြီး အခု၀င်လာသည့် တီချယ်ရဲ့ ဘာသာရပ်ဆိုင်ရာစာအုပ်ကို ထုတ်လိုက်သည်။

"ကလေးတို့အားလုံးကို တီချယ်တစ်ခု ပြောစရာရှိတယ်..... "

"ဟုတ်ကဲ့တီချယ်....."

"အားလုံးသိကြတဲ့အတိုင်းပဲ တီချယ်တို့က မကြာခင်မှာ နှစ်ကုန်စာမေးပွဲဖြေပြီး ကျောင်းတွေပိတ်ကြတော့မှာလေ ဟုတ်တယ်မလား..... အဲ့တာကြောင့် ကျောင်းအုပ်ကြီးက ကျောင်းတွေမပိတ်ခင်မှာ ဒီစာသင်နှစ်လေးကို နှုတ်ဆက်တဲ့အနေနဲ့ အထိမ်းအမှတ်ပွဲလေးတစ်ခုလုပ်ဖို့ စီစဥ်ထားတယ်......"

ခြိမ်းတို့အပါအ၀င် အားလုံးက တီချယ့်စကားကို စိတ်၀င်စားစွာနားထောင်နေကြသည်။

"ဘယ်လိုပွဲမျိုးလဲဆိုတော့ သားတို့သမီးတို့ အားလုံးပါ၀င်ရမယ့် မုန့်ရောင်းပွဲတော်လေးပဲ .....တီချယ်က တစ်ဖွဲ့ကို ၁၀ယောက်ပါတဲ့ အဖွဲ့လေးတွေ ဖွဲ့ပေးမယ်.... ပြီးရင် အဲ့ဒီတစ်ဖွဲ့ချင်းစီက ဆိုင်ခန်းငယ်လေးတွေဖွင့်ပြီး မုန့် သို့ စားစရာတစ်ခုခု လုပ်ရောင်းရမယ်.....

အရင်းအနှီးအတွက်ကိုတော့ ကျောင်းအုပ်ကြီးက စိုက်ထုတ်ပေးထားမှာဖြစ်ပြီး သားတို့သမီးတို့က မုန့်ရောင်းပြီးသွားပြီဆိုရင် ရလာတဲ့ ငွေတွေထဲက ကျောင်းအုပ်ကြီးစိုက်ပေးထားတဲ့ငွေကို တီချယ်တို့က ပြန်သိမ်းမှာပါ....  ကျန်တဲ့အမြတ်ငွေလေးကိုတော့ သားတို့သမီးတို့ပဲ ဝေမျှပြီးယူရမှာပါ.....ပြီးတော့ အမြတ်ငွေအများဆုံးရတဲ့ အဖွဲ့၃ဖွဲ့ရယ်၊ ဆိုင်အပြင်အဆင် decoration အလှဆုံး အဖွဲ့ရယ်ကို ကျောင်းအုပ်ကြီးက ဆုချဦးမှာတဲ့....."

တီချယ့်စကားကြောင့် အားလုံးက ပျော်ပြီး လက်ခုပ်တီးကြသည်။

"ဒီလိုပွဲလေးလုပ်ရတဲ့ရည်ရွယ်ချက်က သားတို့သမီးတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အကျိုးကျေးဇူးကို သေချာခံစားနိုင်ပြီး money management ကို သေချာလေးလုပ်တတ်သွားစေဖို့ပါ ..... အစအဆုံး အခြေအနေတွေအားလုံးကို သားတို့သမီးတို့ပဲ စီမံရမှာဖြစ်ပြီး တီချယ်တို့က ၀င်ပါမှာ မဟုတ်ပါဘူး ..... "

❤️ Love & Fortune ❤️Where stories live. Discover now